MySport Myanmar

နယူးကာဆယ်က အနာဂတ်မှာ နှစ်တိုင်း ချန်ပီယံလိဂ် ကစားရမယ်လို့ ဂွီမာရေ့စ် ကြုံးဝါး

နယူးကာဆယ်ယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမား ဘရူနိုဂွီမာရေ့စ်က သူရဲ့ နယူးကာဆယ်အသင်းဟာ လာမယ့် အနာဂတ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးကို နှစ်တိုင်းလိုလို ပါဝင် ဆင်နွဲခွင့် ရရှိနေလိမ့်မယ်လို့ ကြုံးဝါး ပြောဆိုလိုက်ပါတယ်။

Photo Credit : Football Insider

အသက်(၂၅)နှစ်အရွယ်ရှိ ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ်လူ ဂွီမာရေ့စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ဆောင်းဈေးကွက်ကမှ လိုင်ယွန်ကနေ နယူးကာဆယ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အချိန်တိုလေးအတွင်းမှာပဲ အသင်းရဲ့ မရှိမဖြစ် အရေးပါတဲ့ ကစားသမား ဖြစ်လာခဲ့ရပါတယ်။ လက်ရှိမှာ နယူးကာဆယ်အသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၆)နေရာထိ ရောက်ရှိအောင် စွမ်းဆောင်ပေးထားနိုင်တဲ့ ဂွီမာရေ့စ်က သူ့အသင်းနဲ့ ပတ်သတ်ပြီး “နယူးကာဆယ်က အနာဂတ်မှာ နှစ်တိုင်း ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိမှာပါ”

Photo Credit : Goal

“ဒီအသင်းမှာလည်း အချိန် အကြာကြီးနေဖို့လည်း စိတ်ကူးထားပါတယ်။ အသင်းနဲ့အတူ သမိုင်းသစ် ရေးထိုးသွားဖို့ ဦးစားပေး လုပ်ဆောင်ချင်ပါတယ်။ အသင်းနည်းပြ အက်ဒီဟောင်းကလည်း တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အင်္ဂလန်လက်ရွေးစင် နည်းပြတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် အသေအချာ ပြောရဲပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ နယူးကာဆယ်ဟာ ဒီရာသီမှာ top-four အတွင်း အချိန်အတန်ကြာ ရပ်တည်ထားခဲ့ပြီးမှ ဒီနောက်ပိုင်းမှာ အသင်းရဲ့ ရလဒ်တွေကြောင့် အဆင့်(၆)နေရာထိ ကျဆင်းသွားခဲ့ရပေမယ့်လည်း လိဂ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တတ်လှမ်းအောင် စွမ်းဆောင်နိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း လက်ရှိ ရပ်တည်မှုနဲ့ ကစားသမား အစုအဖွဲ့အရ အနိမ့်ဆုံး ယူရိုပါကွန်းဖရန့်စ်လိဂ်လောက်တော့ မျှော်မှန်းလို့ ရနိုင်ပါတယ်။

Photo Credit : The Sun

ဆက်လက်ပြီး ဂွီမာရေ့စ်က မန်စီးတီးနည်းပြ ပက်ပ်ဂွာဒီယိုလာနဲ့ ပတ်သတ်ပြီး “သူက ကျွန်တော့်ကို ကစားသမားကောင်းတစ်ဦးလို့ ပြောခဲ့တယ်။ ဒါက ကျွန်တော့်ကို အရမ်း ပျော်ရွင်စေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ကျွန်တော် မြင်ဖူးသမျှ နည်းပြတွေထဲမှာ အကောင်းဆုံးနည်းပြမို့ပါပဲ။ ဒါပေမဲ့ ဒါပါပဲ။ ဒီလို ပြောဆိုခဲ့တာပါပဲ။ ဒီထက် ဘာမှတော့ မပိုပါဘူး” လို့ ရှင်းလင်း ပြောဆိုခဲ့ပါသေးတယ်။

Exit mobile version