ဒေါ့မွန်အသင်းရဲ့ ပေါ်တူဂီ ဘယ်နောက်ခံကစားသမား ရာဖယ်ဟယ် ဂယ်ဟေရိုဟာ ဒေါ့မွန်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားတော့မှာဖြစ်ပြီး သူ့ကို အသက်လက်တီကိုမက်ဒရစ် အပါအဝင် ကလပ်အသင်းများစွာက စိတ်ဝင်စားလို့နေပါတယ်။

VIDEO: Raphael Guerreiro scores incredible goal in Borussia Dortmund  training | Goal.com US

Photo Credit : Goal

အသက် (၂၉)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ဘယ်နောက်ခံလူ ဂယ်ဟေရိုဟာ ပြင်သစ်ကလပ် ကိန်းအသင်းမှာ သူရဲ့ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီကနေ လော်ရီးယန့်ဆီ ရောက်ရှိခဲ့ကာ ၂၀၁၆ခုနှစ်မှာတော့ ဒေါ့မွန်အသင်းဆီ ရောက်ရှိလာခဲ့ပါတယ်။ ဒေါ့မွန်မှာ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီကနေ စတင်ပြီး လက်ရှိ ဘောလုံးရာသီအထိ စုစုပေါင်း (၇)ရာသီ ကျင်လည်ခဲ့တဲ့ ဂယ်ဟေရိုဟာ ဒေါ့မွန်အတွက် ပွဲပေါင်း (၂၂၄)ပွဲကစား သွင်းဂိုး (၄၀) သွင်းယူနိုင်ခဲ့ကာ အသင်းနဲ့လည်း ပိုကယ်ဖလား (၂)ကြိမ် စူပါဖလား (၁)ကြိမ် ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

Photo Credit : BVB Buzz

ဒေါ့မွန်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ဂယ်ဟေရိုဟာ လာမယ့် ဇွန်လမှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားတော့မှာဖြစ်ပြီး ဂယ်ဟေရိုကလည်း အသင်းနဲ့ သက်တမ်းမတိုးတော့ပဲ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ အရည်အသွေးမြင့် ဘယ်နောက်ခံလူ လိုအပ်ရင် ကွင်းလယ်မှာ ကစားတတ်သူဖြစ်တဲ့ ဂယ်ဟေရိုကို အသက်လက်တီကိုက စိတ်ဝင်စားနေပြီး အခြားသော အသင်းတွေကလည်း free transfer နဲ့ ခေါ်ယူသွားဖို့ ချိန်ရွယ်နေပါတယ်။

ဂယ်ဟေရို ငယ်စဉ်ကတည်းက ရီးယဲလ်မက်ဒရစ်အသင်းမှာ ပါဝင်ကစားဖို့အတွက် စိတ်ကူး အိမ်မက်တွေ ရှိခဲ့ဖူးတာကြောင့် လာမယ့်နွေမှာ ဘယ်ခြမ်း ခံစစ် ကစားသမားတစ်ဦး ခေါ်ယူဖွယ် ရှိနေတဲ့ ရီးယဲလ်က ဂယ်ဟေရိုကို ကြိုးပမ်းလာနိုင်မလား ဒါမှမဟုတ် ပရီးမီးယားလိဂ် ကလပ်အသင်းတွေကပဲ ဂယ်ဟေရိုကို ခေါ်ယူသွားမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။