လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံအသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ နည်းပြ ဂွာဒီယိုလာဟာ ယမန်နေ့ညမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁)မှာ စပါးအသင်းကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့ပြီးနောက် သူတို့အသင်းဟာ တိုက်စစ်မှူးသစ် တဦးကို လိုအပ်နေပြီ ဖြစ်ကြောင်း ငြီးတွားသွားပါတယ်။

မန်ချက်စတာ စီးတီးအသင်းဟာ အဝေးကွင်းမှာ စပါးအသင်းကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီး အဆိုပါ ရှုံးပွဲကြောင့် မန်ချက်စတာ စီးတီးအသင်းဟာ ရာသီသစ်မှာ ၂ပွဲကစား ၂ပွဲရှုံးဆိုတဲ့ ရလဒ်ဆိုးကို ပိုင်ဆိုင်ခဲ့သလို နှစ်ပွဲစလုံးမှာ သွင်းဂိုးတွေလည်း မရယူနိုင်ခဲ့ပါဘူး။

Photo Credit: Express

မန်ချက်စတာ စီးတီးအသင်းဟာ ဒီဘရိုင်း ၊ ဂန်ဒိုဂန် ၊ ဂရီးလစ်ရှ် စတဲ့ အခွင့်အရေး ဖန်တီးမှု ကောင်းတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် ရလာတဲ့ အခွင့်အရေးတွေကို အပိုင် အသုံးချနိုင်မယ့် ထိပ်တန်း တိုက်စစ်မှူးတဦး မရှိတာကြောင့် ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ ဂွာဒီယိုလာက သူတို့အသင်းဟာ ထိပ်တန်း တိုက်စစ်မှူး တဦးကို လိုအပ်နေပြီလို့ အသင်းပိုင်ရှင် ရှိတ်မန်ဆော်ကို အနုနည်းနဲ့ အချက်ပြလိုက်ပါတယ်။ ဂွာဒီယိုလာက – “ကျွန်တော်တို့က ပွဲကို အကောင်းဆုံး စတင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေဟာ တိုက်စစ် ၊ ခံစစ် အကူးအပြောင်းတွေမှာ ပြဿနာ တချို့ ကြုံခဲ့ရပြီး နိုင်ပွဲရလောက်တဲ့ အထိ ကောင်းမွန်ခဲ့ခြင်း မရှိပါဘူး။ ကျွန်တော်တို့တွေက ဘောလုံးတွေလည်း မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရပါတယ်။ ခြုံကြည့်ရရင်တော့ ကျွန်တော်တို့ဟာ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတွေကို လုံလောက်တာထက် ပိုပြီး ဖန်တီးနိုင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ အခွင့်အရေးတွေကို အဆုံးသတ်ပေးမယ့် ကစားသမားမျိုး ကျွန်တော်တို့မှာ မရှိခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က ရှုံးနိမ့်ခဲ့ရတာပါ” လို့ ဆိုခဲ့တာပါ။

လက်ရှိမှာတော့ မန်ချက်စတာ စီးတီးအသင်းဟာ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ ဆက်တိုက် ပြုလုပ်နေပြီး ဟယ်ရီကိန်းကို ပြောင်းရွှေ့ကြေး ယူရို ၁၅၀သန်း + အပိုဆုကြေးတွေနဲ့ စတင် ကမ်းလှမ်းဖို့ ရှိကြောင်း သိရပါတယ်။