မန်ချက်စတာ စီးတီးအသင်းနည်းပြ ပက်ပ် ဂွာဒီယိုလာ ဘာစီလိုနာအသင်းရဲ့ ဆယ်ကျော်သက် လူငယ် ကြယ်ပွင့် ကစားသမားလေး လာမိုင်း ယာမဲလ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပြီး ဒီကြိုးပမ်းမှုကိုတော့ ကစားသမားလေး ကိုယ်တိုင်က ပယ်ချသွားခဲ့ပါတယ်။

ဘောလုံးသမားကောင်းတွေ မွေးထုတ်ပေးနေတဲ့ ဘာစီလိုနာရဲ့ နာမည်ကျော် လူငယ် အကယ်ဒမီ လာမာစီယာကနေ ထွက်ပေါ်လာသူ တောင်ပံ ကစားသမားလေး ယာမဲလ်ဟာ လက်ရှိမှတော့ ဘာစီလိုနာ နဲ့ စပိန်လက်ရွေးစင်အသင်းတို့ရဲ့ ကြယ်ပွင့်လေး ဖြစ်နေရပါတယ်။

Photo Credit : Twitter

အခုမှ အသက် (၁၆)နှစ်သာ ရှိနေသေးပေမယ့်လည်း ဘာစီလိုနာနည်းပြ ဇာဗီရဲ့ နေရာပေးမှုတွေကြောင့် တောက်ပလာခဲ့ရသူ ယာမဲလ်ဟာ စပိန်လက်ရွေးစင်အသင်းအတွက်ပါ ပွဲဦးထွက် ကစားပေးထားရပြီး ဂိုးတစ်ဂိုးပါ သွင်းယူထားနိုင်ခဲ့တာကြောင့် အသက်အငယ်ဆုံး ပါဝင်ကစားနိုင်သူ နဲ့ အသက်အငယ်ဆုံး ဂိုးသွင်းသူ စံချိန်တွေကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

ဘယ်ခြေအားသန်ပြီး အလိမ်အခေါက် ဘောလုံးပေးပို့မှုတွေအပြင် ဂိုးသွင်းစွမ်းဆောင်ရည်မှာပါ ထူးချွန်လှတဲ့ ယာမဲလ်ဟာ နည်းစနစ်ပိုင်းအရ ဘာစီလိုနာရဲ့ legend ကြီး လီယွန်နယ် မက်ဆီနဲ့ ခိုင်းနှိုင်းခံနေရပြီး သူ့ကို ဥရောပထိပ်သီး ကလပ်အသင်းတွေကပါ စိတ်ဝင်စားလာကြပါတယ်။

Photo Credit : Transfermarket

ဒီအသင်းတွေထဲမှာ Treble Champions မန်စီးတီးအသင်းလည်း ပါဝင်လာခဲ့ပြီး စီးတီးနည်းပြ ဂွာဒီယိုလာကိုယ်တိုင် ယာမဲလ်ကို မန်စီးတီးအသင်းဆီ ပြောင်းရွှေ့လာအောင် စွဲဆောင်ခဲ့ပေမယ့်လည်း မအောင်မြင်ပဲ ဖြစ်ခဲ့ရပါတယ်။

ဂွာဒီယိုလာလို ကမ္ဘာကျော် နည်းပြကြီးတစ်ဦးရဲ့ ချဉ်းကပ်မှုို ရရှိခဲ့ပေမယ့်လည်း ယာမဲလ်ကိုယ်တိုင်ကတော့ ဘာစီလိနာအသင်းကို စွန့်ခွာဖို့ စဉ်းစားခြင်းတောင် မရှိပဲ ဂွာဒီယိုလာရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့သလို ဘာစီလိုနာနဲ့ ဆက်လက် လက်တွဲသွားဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။