MySport Myanmar

ဘရာဇီးလ်အသင်းရဲ့ နည်းပြသစ်အဖြစ် မန်စီးတီးနည်းပြ ဂွာဒီယိုလာကို ပစ်မှတ်ထားလို့နေ

ဘရာဇီးလ် ဘောလုံးအဖွဲ့ချုပ်ဟာ ဘရာဇီးလ်လက်ရွေးစင် ဘောလုံးအသင်းရဲ့ နည်းပြသစ်အဖြစ် မန်ချက်စတာစီးတီးအသင်းရဲ့နည်းပြ ပတ်ဂွာဒီယိုလာကို ခန့်အပ်သွားဖို့ အစီအစဉ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

ဘရာဇီးလ်လက်ရွေးစင်အသင်းဟာ လက်ရှိမှာ ဘရာဇီးလ်လူမျိုး ဘောလုံးနည်းပြ ထိထီကို ၂၀၁၆ခုနှစ်ကတည်းက ခန့်အပ်ထားတာ ဖြစ်ပေမယ့်လည်း ၂၀၂ဝခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ လက်တွဲဖြုတ်သွားဖွယ် ရှိနေရာ ထိထီနေရာမှာ ပြန်လည်အစားထို်းဖို့အတွက် ဂွာဒီယိုလာကို ချိန်ရွှယ်နေတာ ဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းဘက်က စိတ်ဝင်စားလို့နေတဲ့ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၃ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်ပေမယ့်လည်း ဒီရာသီမှာသာ ဂွာဒီယိုလာက မန်စီးတီးအတွက် ချန်ပီယံလိဂ်ဖလားသာ ရယူနိုင်ခဲ့မယ်ဆိုရင် အပြောင်းအလဲ ဖြစ်လာနိုင်ပြီး စာချုပ်သက်တမ်း မပြည့်ခင်မှာပဲ အသင်းနဲ့ လမ်းခွဲဖွယ်ပါ ရှိလာနိုင်ပါတယ်။

Photo Credit : Daily Mail

တကယ်လို့ ဂွာဒီယိုလာအနေနဲ့ သူနဲ့ မန်စီးတီးအသင်းတို့ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းအတိုင်း ၂၀၂၃ခုနှစ်မှာသာ အသင်းနဲ့ လမ်းခွဲြုဖစ်မယ်ဆိုရင်လည်း ဘရာဇီးလ်ဘက်က ဂွာဒီယိုလာကို ၂၀၂၃ခုနှစ် ဇန်နဝါရီ ဒါမှမဟုတ် နွေရာသီမှာ ကမ်းလှမ်းမှုတွေ ပြုလုပ်လာနိုင်ပြီး ၂၀၂၆ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအထိ သက်တမ်းရှိမယ့် စာချုပ်တစ်ရပ်ကို ချုပ်ဆိုဖွယ်ပါ ရှိလာနိုင်ပါတယ်။ ဒါ့အပြင် ဂွာဒီယိုလာအနေနဲ့ကလည်း ဘာစီလိုနာ ဘိုင်ယန်မြူးနစ် မန်ချက်စတာစီးတီးတို့လို ထိပ်တန်းကလပ်အသင်းတွေကိုသာ ကိုင်တွယ်ထားခဲ့ဖူးတဲ့ အခြေအနေတွေကြောင့် လက်ရွေးစင်အသင်းနည်းပြအဖြစ် ပြောင်းလဲလုပ်ကိုင်သွားဖို့ ဖြစ်နိုင်ခြေ ရှိနေတဲ့အတွက် ဂွာဒီယိုလာနဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ သတင်းတွေက စောင့်ကြည့်ချင်စရာ ဖြစ်လာခဲ့ရပါတယ်။ စပိန်အခြေစိုက် Marca သတင်းမီဒီယာရဲ့ ဖော်ပြချက်မှာတော့ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဘက်က ဂွာဒီယိုလာကို တစ်နှစ်လုပ်ခ ပေါင်(၁၀)သန်းဝန်းကျင် ပေးချေသွားဖို့ အသင့်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိမှာတော့ စပိန်လမူမျိုး ဘောလုံးနည်းပြ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ဒီရာသီအတွင်း ဆုဖလား (၃)ခုလမ်းကြောင်းပေါ်မှာ ရှိနေစခဲ့ပြီး ချန်ပီယံလိဂ်ဖလားပါ ရယူပေးသွားဖို့ထိ အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်လျက် ရှိနေရပါတယ်။

Exit mobile version