နော်ဝေ ဂိုးသွင်းစက်ကြီး အာလင်းဟာလန်းကတော့ မနေ့ညက ကျင်းပသွားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပွဲစဉ်မှာ လိုက်ပ်ဇစ်အသင်းဘက်ကို သူတစ်ယောက်တည်း သွင်းဂိုး (၅)ဂိုးထိ သွင်းယူခဲ့ပြီး လီယွန်နယ်မက်ဆီ လူးဝစ်အက်ဒီယာနိုတို့နောက်ပိုင်း ချန်ပီယံလိဂ်မှာ တစ်ပွဲတည်း (၅)ဂိုးထိ သွင်းယူနိုင်တဲ့ တတိယမြောက် ကစားသမားတစ်ဦး ဖြစ်လာခဲ့ရပါတယ်။

Erling Haaland Stats, News, Bio | ESPN

Photo Credit : ESPN

ဟာလန်းဟာ အခုပွဲ မတိုင်ခင်မှာ မန်စီးတီးအသင်းအတွက် ချန်ပီယံလိဂ်သွင်းဂိုး (၅)ဂိုးသာ သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး အခုတော့ သူရဲ့ ဒီရာသီ ချန်ပီယံလိဂ်ဂိုး အရေအတွက်က (၁၀)ဂိုးအထိ ရှိလာခဲ့ရသလို ကစားသမားဘဝတစ်လျှောက် စုစုပေါင်း ချန်ပီယံလိဂ် သွင်းဂိုး (၃၃)ဂိုးအထိကို ရှိလာခဲ့ရပါတယ်။ တကယ်လို့သာ မနေ့ညက ပွဲစဉ်အတွင်း ဟာလန်းသာ ဒုတိယပိုင်းတစ်လျှောက်လုံး ဆက်ကစားရပြီး နောက်ထပ် (၆)ဂိုးမြှောက်ကို သွင်းယူနိုင်ခဲ့မယ်ဆိုရင်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တစ်ပွဲတည်းကို (၆)ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် စံချိန်တင်သွားနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ဂိုး(၅)ဂိုး သွင်းယူခဲ့ပြီးနောက် ဟာလန်းကို (၆၃)မိနစ်မှာ နည်းပြဂွာဒီယိုလာက လူစားခဲခဲ့ပြီး ဒီလို လူစားလဲခံရလို့ သူ့အနေနဲ့ double hat-trick ကို သွင်းယူနိုင်ဖို့ အခွင့်အရေးတွေ ရှိပါလျက်နဲ့ မသွင်းနိုင်တော့ကြောင်း ပြောဆိုလာခဲ့ပါတယ်။ ဒီ ပြောဆိုမှုနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက “သူ့အနေနဲ့ အသက်(၂၂) (၂၃)အရွယ်မှာပဲ ဒီလို မှတ်တမ်းမျိုးတွေကို ပိုင်ဆိိုင်ထားလိုက်မယ်ဆိုရင် သူရဲ့ ကစားသမားဘဝကြီးက ပျင်းစရာကောင်းသွားလိမ့်မယ်။ အခုဆိုရင် သူ့မှာ ပစ်မှတ်တစ်ခု ရှိသွားရပြီလေ။ အဲ့ဒါကြောင့် ကျွန်တော်က သူ့ကို လူစားလဲခဲ့ရတာပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။