UEFAရဲ့FFP စည်းမျဉ်းကိုချိုးဖောက်ခဲ့တာကြောင့်ချန်ပီယံလိဂ်ပြိုင်ပွဲကနေနှစ်ရာသီအထိထုတ်ပယ်ခံထားရတဲ့ပြစ်ဒဏ်ကြောင့်ကြယ်ပွင့်ကစားသမားတွေကိုဆုံးရှုံးရဖို့စိုးရိမ်နေရတဲ့မန်စီးတီးအသင်းဟာလက်ရှိမှာတော့အသင်းရဲ့အဓိကတောင်ပံကစားသမားစတာလင်းကိုစပိန်ရဲ့အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ရီးရဲလ်မက်ဒရစ်အသင်းဆီဆုံးရှုံးရမှာကိုစိုးရိမ်နေရတယ်လို့မန်စီးတီးအသင်းရဲ့နည်းပြဖြစ်သူဂွာဒီယိုလာကဝန်ခံစကားဆိုသွားခဲ့ပါတယ်။စတာလင်းဟာလောလောလတ်လတ်မှာပဲအင်တာဗျူးတစ်ခုမှာရီးရဲလ်အသင်းအကြောင်းကိုဖြေကြားထားခဲ့သူလည်းဖြစ်ပါတယ်။

Photo Credit: Goal.com

    ချန်ပီယံလိဂ်ပြိုင်ပွဲဆိုတာဟာကစားသမားတိုင်းရဲ့အိမ်မက်ဖြစ်တာကြောင့်ချန်ပီယံလိဂ်ပြိုင်ပွဲကိုနှစ်နှစ်လောက်မကစားရမယ့်အနေအထားဟာမန်စီးတီးအသင်းကိုကစားသမားခေါ်ယူရာမှာရောရှိရင်းစွဲကစားသမားတွေကိုပါထိန်းသိမ်းတဲ့နေရာမှာအခက်အခဲတွေအများကြီးကိုပေးစွမ်းနိုင်ပါတယ်။ဒါ့ကြောင့်လဲဂွာဒီယိုလာကရီးရဲလ်မက်ဒရစ်ဘာစီလိုနာအသင်းတို့လိုဘောလုံးလောကရဲ့နာမည်ကြီးအသင်းတွေကသူတို့အသင်းရဲ့ကစားသမားတွေကိုလာကမ်းလှမ်းခဲ့ရင်သူတို့အနေနဲ့ထိန်းသိမ်းဖို့ခက်ခဲကြောင်းဝန်ခံသွားခဲ့ရတာပါ။

Photo Credit: Metro.com

    စတာလင်းနဲ့ပတ်သတ်ပြီးဂွာဒီယိုလာကဘာစီလိုနာရီးရဲလ်စတဲ့အသင်းတွေသာကိုယ့်အသင်းဆီရောက်လာခဲ့ရင်ဒါကကိုယ့်အသင်းကိုလှုပ်ခါစေမယ်ဆိုတာကိုအားလုံးလဲသိရှိကြမှာပါ။ဘာစီနဲ့ရီးရဲလ်ဆိုတာကဘောလုံးလောကမှာဩဇာအကြီးမားဆုံးအသင်းတွေဖြစ်တာကြောင့်ဒီအခြေအနေကနားလည်ပေးရမယ့်အခြေအနေပါပဲ။တခြားတစ်ဖက်မှာတော့ရာဟမ်း(စတာလင်း)ကအရမ်းကိုခြေစွမ်းကောင်းမွန်တဲ့သူပါ။သူဟာတိုက်စစ်ပိုင်းမှာရောခံစစ်ပိုင်းမှာပါအသင်းအတွက်အများကြီးစွမ်းဆောင်ပေးနိုင်သူလဲဖြစ်ပါတယ်။ဒါ့ကြောင့်သူ့လိုကစားသမားမျိုးကိုဥရောပရဲ့အသင်းကြီးတွေကစောင့်ကြည့်လာကြတာပေါ့လို့ဖွင့်ဟပြောကြားသွားခဲ့တာပါ။