ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းဖြစ်တဲ့ မန်စီးတီးအသင်းကတော့ မနေ့ညက ကစားခဲ့တဲ့ စပါးအသင်းနဲ့ပွဲစဉ်မှာ နှစ်ဂိုး ဂိုးမရှိဆိုတ​ဲ့ ရလဒ်နဲ့ စပါးအသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ပါတယ်။ အဆိုပါရှုံးပွဲကြောင့် မန်စီးတီးအသင်းဟာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးကို သိမ်းပိုက် ထားတဲ့ လီဗာပူးလ်အသင်းနဲ့ ရမှတ် ၂၂ မှတ်အထိ ကွာဟသွားခဲ့ပြီလည်း ဖြစ်ပါတယ်။

Photo Credit: Express.com

မန်စီးတီးအသင်းဟာ စပါးအသင်းနဲ့ပွဲမှာ ပင်နယ်တီကန်သွင်းခွင့်တစ်ကြိမ် အပါအဝင် ဂိုးရရှိနိုင်တဲ့ အခွင့်အရေးတွေ အများအပြား ရရှိခဲ့ပေမယ့် ကစားသမားတွေရဲ့ အသုံးမချနိုင်မှုတွေ ၊ ဂိုးကံခေမှုတွေကြောင့် သွင်းဂိုးတစ်ဂိုးမှ မရရှိခဲ့ပဲ နောက်ခံလူ ဇင်ချန်ကို နှစ်ဝါတစ်နီနဲ့ ထွက်ခွာရချိန်မှာတော့ စပါးအသင်းရဲ့ အနိုင်ဂိုးနှစ်ဂိုးကို ခွင့်ပြုပေးခဲ့ရပါတယ်။

Photo Credit: Express.com

လန်ဒန်အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာဟာ စပါးအသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် အပြီးမှာ အသင်းရဲ့ ကစားသမားတွေကို မိနစ် ၅၀အထိကြာအောင် အဝတ်လဲခန်းထဲမှာ ပိတ်လှောင်ကာ ဆူပူကြိမ်းမောင်းခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit: Express.com

ဒါပေမယ့် ပွဲအပြီး သတင်းမီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာတော့ ဂွာဒီယိုလာက သူ့အသင်းရဲ့ ကစားသမားတွေဟာ ခြေစွမ်းကောင်းမွန်ပြီး ရှုံးခဲ့တာလို့ ပြောပြသွားခဲ့ပါတယ်။ ဂွာဒီယိုလာက ” ကျွန်တော်တို့ဟာ ပွဲကိုရှုံးနိမ့်ခဲ့ပါတယ်။ ကစားပုံကောင်းမွန်ပြီး ပွဲကိုရှုံးနိမ့်ခဲ့တာက ထပ်ပြီးတော့ ဖြစ်ခဲ့ပြန်ပါပြီ ” လို့ ငြီးတွားသွားခဲ့တာလည်း ဖြစ်ပါတယ်။