MySport Myanmar

ရှုံးပွဲတွေ့ခဲ့ပေမယ့် သူတို့ ကစားပုံက ကောင်းမွန်တယ်လို့ ဆိုလိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာ စီးတီးအသင်းဟာ မနေ့ညက တူရင်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ league phase ပွဲစဉ် (၆)မှာ အိမ်ရှင် ဂျုဗင်တပ်စ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ပြီး (၂)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ရပေမယ့်လည်း စီးတီးနည်းပြကြီး ပပ် ဂွါဒီယိုလာကတော့ သူတို့ရဲ့ ကစားပုံက ကောင်းမွန်တယ်လို့ ဆိုလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၀)ပွဲအတွင်း ရှုံးပွဲချည်းပဲ (၇)ပွဲအထိတောင် ကြုံတွေ့ခဲ့ရပြီး (၁၀)ပွဲအတွင်းမှာ နိုင်ပွဲကတော့ (၁)ပွဲလေးသာ ရှိထားခဲ့တဲ့အထိ အခြေအနေတွေက အတော်လေး ဆိုးရွှားခဲ့ရပါတယ်။

Photo Credit : The Independent

အခုလည်း ချန်ပီယံလိဂ် league phase မှာ ဂျုဗင်တပ်စ်ကို ရှူံးနိမ့်လိုက်ရတာကြောင့် league phase အမှတ်ပေးဇယားရဲ့ အဆင့်(၂၂)အထိတောင် ရောက်ရှိနေရသလို လက်ကျန် (၂)ပွဲမှာဆိုရင်လည်း ဒီရာသီထဲ ချန်ပီယံလိဂ်မှာ စီးတီးလို အခြေအနေဆိုးနေတဲ့ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဒီပွဲကနေ (၃)မှတ်ရယူဖို့ကလည်း ခက်ခဲနိုင်ပါတယ်။

အခု ရှုံးပွဲနဲ့ ပတ်သက်ပြီး စီးတီးနည်းပြ ဂွါဒီယိုလာကတော့ “ကျွန်တော်တို့က တကယ့်ကို ကောင်းမွန်စွာ ကစားခဲ့ပါတယ်။ ကျွန်တော်တို့က နောက်ဆုံး အဆုံးသတ် လုပ်ဆောင်ချက်တွေမှာ လွဲချော်ခဲ့ပြီးတော့ အကူးအပြောင်းတချို့လည်း ဖြစ်ပေါ်ခဲ့ပေမယ့် ကျွန်တော်ကတော့ ကစားသမားတွေအတွက် ဂုဏ်ယူမိပါတယ်။”

Photo Credit : The Independent

“ဒီပွဲမှာ ကျွန်တော်တို့က တကယ်ကို အကောင်းဆုံး လုပ်ဆောင်ခဲ့တာပါ။ အရင်တုန်းက ဖြစ်ခဲ့သလိုမျိုး ဘောလုံးဆုံးရှုံးမှုတွေလည်း အမြောက်အများ မဆုံးရှုံးခဲ့ရဘဲ ကြိုးစားကစားခဲ့တယ်။ ကစားသမားတွေလည်း ရှိသမျှ အင်အားနဲ့ ကြိုးစားကစားခဲ့ကြတယ်။ ဥရောပပွဲတွေ ကစားရတာ ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တကယ် ကောင်းမွန်အောင် ကစားခဲ့တယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

ဂွါဒီယိုလာရဲ့ မန်စီးတီးက ချန်ပီယံလိဂ် league phase မှာ ပီအက်စ်ဂျီ ကလပ်ဘရုဂေးအသင်းတွေနဲ့ ဆက်လက် ကစားသွားဖို့ ရှိနေပြီး အဲ့ဒီနှစ်ပွဲလုံးမှာ အတော်လေး ရုန်းသွားရဖွယ် ရှိနေသလို အမှတ်အရမ်းလိုနေတဲ့ ပီအက်စ်ဂျီနဲ့ အဝေးကွင်းမှာ သွားရောက် ကစားရဖို့ ရှိနေတာက မန်စီးတီးအတွက် တကယ့်ကို ခက်ခဲရနိုင်ပါတယ်။

Exit mobile version