မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာဟာ Football Daily နဲ့ အမေးအဖြေ လုပ်တဲ့ အချိန်မှာတော့ ရီးရဲလ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပွဲစဉ်မတိုင်ခင်မှာ ချန်ပီယံလိဂ် ဖလားကို ရရှိချင်ပါတယ်လို့ ပြောခဲ့ပါတယ်။ နည်းပြ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ဖလားကို (၃) နှစ်ဆက် ရရှိဖို့ လမ်းကြောင်း ပိတ်နေပြီဖြစ်တဲ့ အတွက်ကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲကို မြှားဦးလှည့်လာပြီး ချန်ပီယံလိဂ် ဆုဖလားကို ရချင်နေတာ ဖြစ်ပါတယ်။

Photo Credit: EveningNews

မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ဆုဖလားကို (၂) နှစ်ဆက် ရရှိခဲ့ပြီး လက်ရှိ ချန်ပီယံကြီး ဖြစ်ပေမဲ့လည်း လက်ရှိရာသီမှာတော့ လီဗာပူးလ်အသင်းနဲ့ ရမှတ် (၂၂) မှတ် ကွာဟသွားခဲ့ပြီ ဖြစ်တာမို့ ပရီးမီးယားလိဂ် ဖလားကို (၃) နှစ်ဆက် ရရှိဖို့ ဝေးသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့်မို့ နည်းပြ ပက် ဂွါဒီယိုလာကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲကို ပြန်ချိန်နေပြီး ယခုလ ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှာ ရီးရဲလ်အသင်းနဲ့ (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ် ကစားသွားရမှာပါ။

Photo Credit: EveningNews

နည်းပြ ဂွါဒီယိုလာက “ကျွန်တော်တို့ရဲ့ အသင်းပရိသတ်တွေကို ပျော်ရွှင်စေတဲ့ ကစားသမား ကောင်းတွေ အများကြီး ရှိပါတယ်။ ဘောလုံးရာသီအတွင်း အသင်းပရိသတ်တွေ ပျော်ရွှင်တဲ့ အချိန်လည်း ရှိပါတယ်။ လူတွေက “မင်း တော်တယ်” ဒါမှမဟုတ် “မင်း မတော်ပါဘူးကွာ”လို့ ပြောတာကို ကျွန်တော် သိပါတယ်။ ကျွန်တော် ဒါကို လက်ခံတယ်။ ကျွန်တော် ချန်ပီယံလိဂ် ဖလားကို ရချင်ပါတယ်။ ရီးရဲလ်အသင်းနဲ့ ပွဲစဉ်ကို ပျော်ရွှင်သွားပါမယ်”လို့ ပြောခဲ့ပါတယ်။