MySport Myanmar

မက်ဆီက ထာဝရ အကောင်းဆုံးကစားသမား ဖြစ်ကြောင်း ချီးကျူးလိုက်တဲ့ ဂွာဒီယိုလာ

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ နည်းပြချုပ် ဖြစ်သူ ဂွာဒီယိုလာက သူ့ရဲ့ အချစ်ဆုံး တပည့် လီယွန်နယ် မက်ဆီဟာ ဘောလုံးသမိုင်းမှာ ထာဝရ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ချီးကျူးစကား ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ပူပူနွေးနွေး ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ပြီး သူဟာ မွေးရပ်မြေ အာဂျင်တီးနားကို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်အောင် အကောင်းဆုံး ဦးဆောင်ပေးနိုင်ခဲ့သူပါ။

Photo Credit: Sports Brief

မက်ဆီက ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ထုတ်ပြနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၇ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရခဲ့ပါတယ်။

မက်ဆီက ကမ္ဘာ့ဖလားကို ရခဲ့ပြီးနောက် သူ့ရဲ့ ကစားသမား ဘဝမှာ မရဖူးတဲ့ ဆုဖလား မရှိသလောက် ဖြစ်သွားခဲ့သလို ဘောလုံးရေးရာ ကျွမ်းကျင်သူတွေကလည်း ရွှေဘောလုံးဆု ၇ကြိမ် ရထားသလို ကမ္ဘာ့ဖလားပါ ရသွားတဲ့ မက်ဆီဟာ ထာဝရ အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ချီးကျူးနေကြပါတယ်။

Photo Credit: Sports Brief

မက်ဆီရဲ့ ဆရာရင်းဖြစ်သူ ဂွာဒီယိုလာကလည်း – “လူတိုင်းမှာတော့ မတူညီတဲ့ အမြင်တွေ ရှိတတ်ကြပါတယ်။ ဒါပေမယ့် မက်ဆီက ထာဝရ အကောင်းဆုံး ကစားသမား ဖြစ်တယ် ဆိုတာကိုတော့ အငြင်းပွားလို့ မရပါဘူး။ ကျွန်တော့်အတွက် သူက အကောင်းဆုံး ကစားသမားပါ။ ပြီးတော့ ကစားသမား တယောက်အနေနဲ့ အခုလိုမျိုး အောင်မြင်မှုတွေ ရအောင် ဘယ်လို ကြိုးစားခဲ့လဲ ဆိုတာကို နားလည်ဖို့ ခက်ခဲပါတယ်” ဆိုပြီး မက်ဆီကို ချီးကျူးခဲ့ပါသေးတယ်။

Exit mobile version