ကမ္ဘာပေါ်က ဘောလုံးသမားတိုင်းလိုလိုက ရီးယဲလ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာတို့လို အသင်းကြီးတွေမှာ ပါဝင်ကစားဖူးချင်တယ်ဆိုတဲ့ စိတ်ကူးအိမ်မက်တွေ ရှိတတ်ကြသလို ဒီလို စိတ်ကူးအိမ်မက်တွေ လက်တွေ့ အကောင်အထည်ဖော်လာနိုင်တော့မယ်ဆိုရင်လည်း ဒီအခွင့်အရေးကို လက်လွတ်မခံတတ်ကြတာ များပါတယ်။ ဒါပေမယ့် ဘာနာဒိုဆေးလ်ဗားအနေနဲ့ကတော့ ဒီနှစ် နွေဈေးကွက်ထဲမှာတော့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ မဖြစ်နိုင်တော့ပဲ သူရဲ့လက်ရှိကလပ် မန်စီးတီးမှာသာ ဆက်လက် ရှိနေရတော့မှာ ဖြစ်ပါတယ်။

Bernardo does like Barcelona' - Guardiola addresses transfer rumours as Xavi confesses 'love' for Man City star | Goal.com Philippines

Photo Credit : Goal

ဒီနှစ်နွေထဲမှာ အသင်းရဲ့ ဘဏ္ဍာရေး မတည်ငြိမ် ရှိနေတဲ့ကြားကနေ လီဝန်ဒေါစကီး ရာဖင်ညာ ခွန်ဒဲတို့လို ကစားသမားတွေကို ခေါ်ယူထားခဲ့တဲ့ ဘာစီလိုနာအသင်းဟာ မန်စီးတီးရဲ့ ကြယ်ပွင့်ကစားသမား ဘာနာဒိုဆေးလ်ဗားကိုပါ ထပ်မံ အလိုရှိနေသေးသလို ဆေးလ်ဗားကိုယ်တိုင်ကလည်း ဘာစီလိုနာအသင်းဆီ ပြောင်ရွှေ့ချင်နေပါတယ်။ ဒါပေမယ့် မန်စီးတီးအသင်းနဲ့ အသင်းနည်းပြ ပတ်ဂွာဒီယိုလာတို့ကတော့ ဘာနာဒိုဆေးလ်ဗားကို အသင်းကနေ လုံးဝ လက်လွတ်သွားဖို့ ဆန္ဒမရှိသလို စီးတီးရဲ့ အမှုဆောင်ချုပ် ဆိုရီယာနိုကပါ ဘာနာဒိုဆေးလ်ဗားရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဘာဆွေးနွေးမှုမှ ရှိမနေဘူးလို့ မနေ့ညက ရန်ပုံငွေပွဲစဉ်အပြီးမှာ ထုတ်ပြန် ပြောဆိုထားခဲ့ပါတယ်။

Bernardo Silva's Manchester City future thrown into doubt with Pep Guardiola comments

Photo Credit : SPORTbible

ဘာစီလိုနာနည်းပြ ဇာဗီဟာနန်ဒက်ဇ်ကတော့ သူ့အနေနဲ့ ဘာနာဒိုဆေးလ်ဗားကို အလွန်နှစ်သက်မ်ိပြီး အသင်းဆီကိုလည်း ခေါ်ယူသွားချင်နေပေမယ့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့က မန်စီးတီးအသင်းအပေါ်မှာ မူတည်နေတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ဘာနာဒိုရဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီး စီးတီးနည်းပြ ဂွာဒီယိုလာက “ဘာနာဒိုဆေးလ်ဗားကို ကျွန်တော်တို့နဲ့ အတူတူသာ ရှိနေစေချင်ပါတယ်။ ဒါပေမယ့် ဒီမှာ ကစားသမားတွေ မပျော်မရွင် ဖြစ်နေရတာမျိုးတော့ ကျွန်တော် မလိုချင်ဘူး။ ဘာနာဒိုက FCဘာစီလိုနာအသင်းကို တကယ်ကြိုက်တာတော့ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ သူ့ကို အသင်းမှာပဲ ဆက်ရှိနေချင်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိမှာ ဘာစီလိုနာက အသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းကို အသင်းမှာပဲ ဆက်ထိန်းထားနိုင်ဖွယ် ရှိနေသလို ရောင်းချမယ်ဆိုရင်တောင် ကစားသမားဘက်က အသင်းမှာ ဆက်နေချင်တဲ့အပြင် လစာပိုင်းကိစ္စတွေပါ မရှင်းမလင်း ဖြစ်နေတဲ့ အနေအထားတွေကြောင့် ဘာနာဒိုဆေးလ်ဗားကို ခေါ်ယူနိုင်ဖို့က မဖြစ်နိုင်တော့ပဲ ရှိနေပါတယ်။ လတ်တလောမှာလည်း ပီအက်စ်ဂျီဘက်က ဘာနာဒိုဆေးလ်ဗားကို ပေါင်သန်း(၇၀)နဲ့ ကမ်းလှမ်းဖို့ပါ စီစဉ်နေပေမယ့် မန်စီးတီးဘက်ကတော့ ဆေးလ်ဗားကို လုံးဝ လက်လွတ်ဖွယ် မရှိလို့ ဆေးလ်ဗားအနေနဲ့ ဒီနှစ်ရာသီ မန်စီးတီးမှာပဲ သေချာပေါက် ဆက်ရှိသွားရတော့မှာ ဖြစ်ပါတယ်။