မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ဂွာဒီယိုလာက သူတို့အသင်းဟာ လာမယ့် ဇန်နဝါရီ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ အသင်းအတွက် ကစားသမားသစ်တွေ ခေါ်ယူသွားမှာ မဟုတ်ဘူးလို့ အခိုင်အမာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

pbs.twimg.com/media/Fg0pEApX0AAqkaE?format=jpg&nam...

Photo Credit : Twitter

နွေဈေးကွက်တုန်းက အာလင်းဟာလန်း ကယ်လ်ဗင်ဖီးလစ် မာနူရယ်အကန်ဂျီ ဆာဂျီယိုဂိုးမက်ဇ် ယူလီယန်အဲလ်ဗာရက်ဇ်နဲ့ စတီဖန်အော်တီဂါတို့ကို ခေါ်ယူအားဖြည့်ထားခဲ့တဲ့ မန်စီးတီးအသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားထဲ အဆင့်(၂)နေရာနဲ့ ရပ်တည်နေသလို ချန်ပီယံလိဂ်မှာလည်း ရှုံးထွက် (၁၆)သင်းအဆင့်ဆီကို တတ်လှမ်းထားနိုင်ခဲ့ပါတယ်။ နွေရာသီအတွင်း ခေါ်ယူထားခဲ့တဲ့ ကစားသမားတွေထဲမှာ ဟာလန်း အဲလ်ဗာရက်ဇ်နဲ့ အကန်ဂျီတို့က အသင်းအတွက် အတော်လေးကို အကျိုးပြုနေပြီး ဂိုးမက်ဇ်နဲ့ အော်တီဂါတို့ကလည်း ကစားခွင့်ရတဲ့ ပွဲတိုင်းမှာ ကြိုးစားကစားပြနိုင်သလို ဖီးလစ်ကတော့ ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ကာ ပြန်လည် သက်သာလာပြီဆိုတာနဲ့ အသင်းအတွက် အသင့် ပါဝင်ကစားပေးနိုင်မှာ ဖြစ်ပါတယ်။

Photo Credit : The Athletic

ဒီလို အခြေအနေမျိုးမှာ ရှိနေတဲ့အတွက် စီးတီနည်းပြ ဂွာဒီယိုလာက “ဇန်နဝါရီမှာ ကျွန်တော်တို့တွေ ဘယ်သူ့ကိုမှ ခေါ်ယူမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ တောင့်တင်းတဲ့ လူစာရင်းမျိုး ပိုင်ဆိုင်ထားပြီးသားပါ” လို့ ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ မန်စီးတီးအသင်းဟာ နွေရာသီဈေးကွက်ရဲ့ နောက်ဆုံး deadline day မှာပဲ ဒေါ့မွန်အသင်းရဲ့ ဆွစ်ဇာလန် ခံစစ်ကစားသမား အကန်ဂျီကို ခေါ်ယူလိုက်နိုင်ပြီးတဲ့နောက်မှာ ဒီရာသီအတွက် ကစားသမား ခေါ်ယူမှုကို ပြီးပြည့်စုံသွားပြီလို့ သတ်မှတ်ခဲ့တဲ့အတွက် လာမယ့် ဆောင်းဈေးကွက်မှာ ကစားသမားတွေ ထပ်မံ ခေါ်ယူတော့မှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။ ဒီနွေဈေးကွက်ထဲ မန်စီးတီးအသင်း ခေါ်ယူထားခဲ့တဲ့ ကစားသမားတွေထဲကမှ ဒေါ့မွန်ကနေ ပေါင်(၅၁)သန်းနဲ့ ခေါ်ယူထားခဲ့တဲ့ နော်ဝေတိုက်စစ်မှူး ဟာလန်းက အသင်းရဲ့ အကောင်းဆုံးသော ခေါ်ယူမှုတစ်ခု ဖြစ်စေခဲ့ရပြီး ဒီကစားသမားက လက်ရှိအချိန်မှာ စီးတီးအတွက် ပြိုင်ပွဲစုံ (၁၇)ပွဲ ကစားပေးထားခဲ့ရာ စုစုပေါင်း သွင်းဂိုးက (၂၃)ဂိုးအထိကို သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဟာလန်းနဲ့အတူ ဒေါ့မွန်ကနေ စီးတီးကို ရောက်ရှိလာခဲ့တဲ့ ခံစစ်မှူး အကန်ဂျီဟာလည်း အသင်းအတွက် ခြေစွမ်းပြနေနိုင်ပြီး ပြိုင်ပွဲစုံ (၁၁)ပွဲအထိလည်း ပါဝင်ထားနိုင်ခဲ့ပါတယ်။