






မန်စီးတီးအသင်းရဲ့ နည်းပြ ဂွာဒီယိုလာဟာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပွဲစဉ် ပထမအကျော့အဖြစ် ယူနိုက်တက်အသင်းရဲ့ အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်မတိုင်မီမှာ ပြိုင်ဘက် ယူနိုက်တက်အသင်းကို ချီးကျူးပြောဆိုလိုက်ပါတယ်။ မန်စီးတီးအသင်းနဲ့ ယူနိုက်တက်အသင်းတို့ဟာ အင်္ဂါနေ့ည ၂နာရီခွဲ အချိန်မှာ အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ်။

Photo Credit: Standard.com

မန်စီးတီးအသင်းနဲ့ ယူနိုက်တက်အသင်းတို့ဟာ မကြာမီကမှ ပရီးမီးယားလိဂ်မှာ ရင်ဆိုင် ကစားခဲ့ဖူးပြီး အဆိုပါပွဲစဉ်မှာ ယူနိုက်တက်အသင်းဟာ အဝေးကွင်းမှာ မန်စီးတီးအသင်းကို လျင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေနဲ့အတူ အနိုင်ယူခဲ့တာပါ။ ဒါ့ကြောင့်လည်း မန်စီးတီးနည်းပြ ဂွာဒီယိုလာက ယူနိုက်တက်အသင်းနဲ့ နောက်ထပ်တစ်ကြိမ် မကစားမီမှာ ယူနိုက်တက်အသင်းရဲ့ တန်ပြန်တိုက်စစ်ကို ချီးကျူသွားခဲ့တာပါ​။

Photo Credit: Standard.com

ဂွာဒီယိုလာက ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာသာမက ဥရောပမှာပါ အကောင်းမွန်ဆုံး တန်ပြန်တိုက်စစ်ကို ပိုင်ဆိုင်ထားတာ ဖြစ်တယ်လို့ ချီးကျူးပြောဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့ လျင်မြန်တဲ့ ပြေးနှုန်းတွေ ၊ ကစားဟန်တွေနဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက –

Photo Credit: Standard.com

” မန်ချက်စတာယူနိုက်တက်အသင်းဟာ အရမ်းကောင်းတဲ့ တန်ပြန်တိုက်စစ်ကို ပိုင်ဆိုင်ထားတဲ့ အသင်းပဲ ဖြစ်ပါတယ်။ ဒါက ပရီးမီးယားလိဂ်မှာသာမကပါဘူး။ ဥရောပမှာပါ အကောင်းဆုံး တန်ပြန်တိုက်စစ်ပဲ ဖြစ်ပါတယ်။ သူတို့ဆီမှာ ဒန်နီရယ်ဂျိမ်းစ် ၊ ဂရင်းဝုဒ် ၊ မာရှယ် ၊ လင်ဂတ် ၊ ရက်ဖို့ဒ်တို့လို ကစားသမားတွေ ရှိပါတယ်။ သူတို့ဟာ အရမ်းကို လျင်မြန်ကြပြီး တန်ပြန်တိုက်စစ် ကစားရာမှာလည်း အရမ်းကို ကောင်းမွန်ပါတယ် ” လို့ ပြောဆိုခဲ့တာပါ။