မနေ့ညက မန်ချက်စတာ စီးတီးနဲ့ အက်စတွန် ဗီလာအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင် မန်စီးတီးက ဗီလာကို အနိုင်ရပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခြေအနေကောင်းတစ်ခု ဖြစ်လာချိန် နည်းပြ ပက်ပ် ဂွါဒီယိုလာက သူ့အသင်းရဲ့ ဖိအားတွေအပေါ် ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းကို ချီးကျူးလိုက်ပါတယ်။
ဒီပွဲမှာ မန်စီးတီးက ဘာနာဒို ဆေးလ်ဗားရဲ့ အစောပိုင်းဂိုးနဲ့ ပွဲကို ဦးဆောင်နေရင်း မိနစ်ပိုင်းအကြာမှာ မမျှော်လင့်ဘဲ ပင်နယ်တီ ကန်ခွင့်ပေးခဲ့ရပြီး ဒီပင်နယ်တီကို မားကပ်စ် ရပ်ရှ်ဖို့ဒ်က အမှားအယွင်း ကန်သွင်းကာ ဗီလာအတွက် ချေပဂိုး သွင်းယူခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးဖို့ မိနစ်ပိုင်းအလိုမှာပဲ မာသီးယပ်စ် နူးနက်စ်က နောက်ကျ အနိုင်ဂိုး သွင်းယူခဲ့တာကြောင့် မန်စီးတီးတို့ အဖိုးတန် (၃)မှတ်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။
Photo Credit : NBC Sports
ဒီပွဲအပြီးမှာ ဂွာဒီယိုလာဟာ စိတ်လှုပ်ရှားနေပုံရပြီး အက်ဖ်အေဖလားပွဲမှာ ဘုန်းမောက်ကို အနိုင်ရခဲ့တဲ့ကစလို့ အသင်းရဲ့ ခြေစွမ်းတွေ ပြန်တက်လာခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ အခုဆိုရင် မန်စီးတီးဟာ ရှုံးပွဲမရှိစံချိန်ကို (၇)ပွဲအထိ ဆက်တိုက်ထိန်းထားနိုင်ခဲ့ပြီး တနင်္ဂနွေနေ့မှာတော့ နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲကို ရင်ဆိုင်ရတော့မှာပါ။
“ဘောလုံးဆိုတာ စိတ်လှုပ်ရှားမှုပဲလေ။ ပရိသတ်တွေအတွက် ကစားသမားတွေအတွက် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ဆိုတာ ကျွန်တော်တို့ ကလပ်အသင်းအတွက် ဖိအားတွေ အများကြီးရှိပါတယ်။ ကစားသမားတွေက မယုံနိုင်လောက်အောင် ကောင်းကောင်း ကစားပြခဲ့တယ်။ ကျွန်တော်တို့ တကယ်ကျေနပ်ပါတယ်။ ဒါက အရေးကြီးတယ်ဆိုတာ သိဖို့ သိပ္ပံပညာရှင်ဖြစ်စရာ မလိုပါဘူး။ ဗီလာရဲ့ နယူးကာဆယ် ပီအက်စ်ဂျီတို့နဲ့ပွဲက သူတို့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ကျွန်တော်တွေ့ခဲ့တယ်။ ကျွန်တော်တို့က အရင်တုန်းကလိုပဲ စိတ်ဓာတ်ပိုင်းဖြတ်မှုအပြည့်နဲ့ ကစားနိုင်ခဲ့တယ်။ ပွဲအများစုကို ကျွန်တော်တို့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။”
Photo Credit : France24
“ဘုန်းမောက်နဲ့ပွဲက တစ်ခုခုကို ပြောင်းလဲပေးခဲ့ပြီး ကျွန်တော်တို့ အလှမ်းမဝေးသေးဘူးဆိုတာ သိစေခဲ့တယ်။ ဒီနေ့ပွဲမှာ ကစားသမားတိုင်း ဘယ်လိုရွေ့လျားခဲ့လဲ ကြည့်ပါ။ ကျွန်တော်တို့ အရမ်းကို တိုက်စစ်ဆင်ကစားခဲ့တယ်။ ဆီမီးဖိုင်နယ်မှာလည်း ဒီလိုပုံစံမျိုး လိုအပ်တယ်။ ဖောရက်စ်အသင်း ဘောလုံးတစ်လုံးချင်းစီကို သူတို့ဘဝရဲ့ နောက်ဆုံးဘောလုံးလို ခံစစ်ကစားပုံကို ကျွန်တော် မယုံနိုင်လောက်အောင် အထင်ကြီးမိတယ်။ ဒါက အရည်အချင်းပဲ။ ကျွန်တော်တို့ နောက်ဆုံးပွဲစဉ် (၄)ပွဲကိုပဲ အာရုံစိုက်ထားတယ်။ အဲဒီပွဲတွေ အကုန်နိုင်ရင် ကျွန်တော်တို့ ချန်ပီယံလိဂ်ဝင်ခွင့် ရပါပြီ။” လို့ ဂွါဒီယိုလာက ပြောဆိုသွားခဲ့ပါတယ်။
အခုဆိုရင် ဒီနှစ်ဘောလုံးရာသီ ပြီးဆုံးဖို့အတွက် ပွဲစဉ် (၄)ပွဲသာ ကျန်ရှိနေတော့တဲ့အချိန်မှာ မန်စီးတီးအသင်းက ရမှတ်(၆၁)မှတ်နဲ့ အဆင့်(၃)နေရာမှာ ရပ်တည်လို့နေပါတယ်။ ဒါပေမယ့် အဆင့်(၃)နေရာက မန်စီးတီးနဲ့ အဆင့်(၇)နေရာက ဗီလာအသင်းတို့ကြား ရမှတ်ကွာဟချက်က (၄)မှတ်သာ ရှိနေတဲ့အပြင် မန်စီးတီးက နော်တင်ဟမ် နယူးကာဆယ် ချယ်လ်ဆီးတို့ထက်လည်း (၁)ပွဲပို ကစားထားတာဖြစ်လို့ ချန်ပီယံလိဂ်ဝင်ခွင့်တိုက်ပွဲက ပိုပြီး စိတ်လှုပ်ရှားစရာကောင်းနေပါဦးမယ်။