MySport Myanmar

ယူရို-၂၀၂၄ အပြီးမှာပဲ ဂွာဒီယိုလာကို နည်းပြအဖြစ် ခန့်အပ်မယ့် အင်္ဂလန်

အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ကတော့ လာမယ့် ယူရို-၂၂၄ပြိုင်ပွဲအပြီးမှာ နည်းပြအပြောင်းအလဲ လုပ်ဆောင်သွားဖို့ ရှိနေပြီး ရာထူးကနေ စွန့်ခွာဖို့ ရှိနေတဲ့ ဂါရတ် ဆောက်ဂိတ်နေရာမှာ မန်စီးတီးနည်းပြ ပက်ပ် ဂွာဒီယိုလာနဲ့ အစားထိုးသွားဖို့ စီစဉ်နေပြီလို့ သတင်းထွက်လာခဲ့ပါတယ်။

လက်ရှိ အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ၂၀၂၄ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပြီး အသင်းကို ယူရို-၂၀၂၄ပြိုင်ပွဲအတွက် ကိုင်တွယ်ပေးပြီးရင်း အသင်းနဲ့ လမ်းခွဲဖို့ ရှိနေရာ သူ့နေရာမှာ ပြန်လည် အစားထိုးဖို့ နည်းပြကို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် FA က စတင် ရှာဖွေလာခဲ့ပါတယ်။

Photo Credit : Goal

လက်ရှိမှာတော့ FA က စီးတီးနည်းပြ ဂွာဒီယိုလာ ၊ နယူးကာဆယ်နည်းပြ အက်ဒီဟောင်း နဲ့ နော်တင်ဟမ်နည်းပြ စတိဗ်ကူးပါးလ်တို့ကို ပစ်မှတ်ထားနေတာဖြစ်ပြီး စပိန် နာမည်ကျော် နည်းပြကြီး ဂွာဒီယိုလာကိုတော့ main target သတ်မှတ်ထားပါတယ်။

ဘာစီလိုနာ ဘိုင်ယန် နဲ့ မန်စီးတီးအသင်းတို့ရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာဟာ အသင်းဟောင်း ဘာစီလိုနာ နဲ့ ဘိုင်ယန်တို့မှာလည်း အောင်မြင်မှုတွေများစွာ ပိုင်ဆိုင်ခဲ့သလို မန်စီးတီးအသင်းနဲ့လည်း ဆုဖလားတွေ အကုန်နီးပါး ရယူထားပြီး ဖီဖာကလပ် ကမ္ဘာ့ဖလားကိုလည်း မကြာခင်မှာ ထပ်မံ ရယူနိုင်ဖို့ အခြေအနေကောင်းနေပါတယ်။

Photo Credit : The Sun

ဂွာဒီယိုလာအနေနဲ့ စီးတီးအတွက် ကလပ်ကမ္ဘာ့ဖလားပါ ရယူပေးပြီးသွားရင် မန်စီးတီးနည်းပြဘဝက လုံးဝ completed ဖြစ်သွားမှာဆိုတော့ ဒီရာသီအကုန်မှာပဲ ဂွာဒီယိုလာက မန်စီးတီးကနေ ထွက်ခွာပြီး အသင်းသစ် တစ်သင်းသင်းကို ပြောင်းလဲ ကိုင်တွယ်သွားမလားဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ချင်စရာပါ။

ဒီလို အခြေအနေသာ ဖြစ်လာခဲ့မယ်ဆိုရင် အင်္ဂလန် ပရီးမီးယားလိဂ် အချိန်တစ်ခုထိ ကျင်လည်ပြီး အင်္ဂလန် ဘောလုံးအထာကို ကောင်းကောင်း နားလည်နေတဲ့ နည်းပြ ဂွာဒီယိုလာကို ကမ်းလှမ်းလာနိုင်ပြီး ဂွာဒီယိုလာအနေနဲ့လည်း ကလပ်အသင်း နည်းပြဘဝကနေ နိုင်ငံအသင်း နည်းပြဘဝကို ပြောင်းလဲပစ်မလားဆိုတာ စောင့်ကြည့်ရပါမယ်။

Exit mobile version