ယေန႔ည ႏွစ္နာရီခြဲ အခ်ိန္မွာေတာ့ မန္ခ်က္စတာၿမိဳခံႏွစ္သင္းျဖစ္တဲ့ ယူနိုက္တက္အသင္းနဲ႔ မန္စီးတီးအသင္းတို႔ဟာ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ပထမအေက်ာ့အျဖစ္ အိုးထရက္ဖို႔ဒ္ကြင္းႀကီးထဲမွာ ယွဥ္ၿပိဳင္ကစားၾကေတာ့မွာပဲ ျဖစ္ပါတယ္။ အဆိုပါပြဲစဥ္မတိုင္မီမွာ သတင္းစာရွင္းလင္းပြဲမွာ ႏွစ္သင္းစလုံးရဲ့ နည္းျပေတြဟာ တစ္ဖက္အသင္းေတြကို ေျခာက္တစ္ခါ ၊ ေခ်ာ့တစ္လွည့္နဲ႔ စကားစစ္ထိုးမွုေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

Photo Credit: Metro.com

မန္ခ်က္စတာယူနိုက္တက္အသင္းဟာ ဥေရာပရဲ့ အေကာင္းဆုံး တန္ျပန္တိုက္စစ္ကို ပိုင္ဆိုင္ထားတယ္လို႔ သတင္းစာရွင္းလင္းပြဲမွာ ခ်ီးက်ဴးခဲ့တဲ့ ဂြာဒီယိုလာဟာ ယူနိုက္တက္အသင္းကို ဘယ္ေတာ့မွ ကိုင္တြယ္သြားမွာ မဟုတ္ဘူးလို႔ သတင္းစာရွင္းလင္းပြဲမွာ ဖြင့္ဟခဲ့ပါတယ္။ ဂြာဒီယိုလာက ယူနိုက္တက္အသင္းကို ကိုင္တြယ္မယ့္အစား သူ႔အေနနဲ႔ ေမာ္လ္ဒိုက္ကၽြန္းေပၚမွာပဲ သြားေနေတာ့မယ္လို႔ ေျပာဆိုသြားခဲ့တာပါ။

Photo Credit: Metro.com

ယူနိုက္တက္ကို ကိုင္တြယ္မလားဆိုတဲ့ ေမးခြန္းအေပၚ ဂြာဒီယိုလာက ” စီးတီးကို ကိုင္တြယ္ၿပီးေနာက္ပိုင္းမွာ ယူနိုက္တက္ကို ကိုင္တြယ္ေတာ့မွာ မဟုတ္ပါဘူး။ ဒါက ရီးရဲလ္မက္ဒရစ္ကို မကိုင္တြယ္တဲ့ အေၾကာင္းျပခ်က္နဲ႔ အတူတူပါပဲ။ ကၽြန္ေတာ့္ကို ကမ္းလွမ္းမွုေတြ မရွိေတာ့တဲ့ အခါက်ရင္ ကၽြန္ေတာ္က ေမာ္လ္ဒိုက္မွာပဲ ေနေတာ့မွာပါ ” လို႔ ဖြင့္ဟေျပာဆိုသြားခဲ့တာပါ။

Photo Credit: Metro.com

ဆက္လက္ၿပီး ဂြာဒီယိုလာက သူ႔အေနနဲ႔ ကာရာေဘာင္းဖလားကို ဗိုလ္စြဲဖို႔ ရည္မွန္းထားေၾကာင္း ” ကၽြန္ေတာ္က ဒီပြဲစဥ္မွာ ယူနိုက္တက္ကို အနိုင္ယူ႐ုံ ဒါမွမဟုတ္ ယူနိုက္တက္အေရွ႕မွာ လာကစား႐ုံေလာက္သာ ေမၽွာ္မွန္းထားတာ မဟုတ္ပါဘူး။ အဲ့ဒါက ပစ္မွတ္မဟုတ္ပါဘူး။ ကၽြန္ေတာ့္ရဲ့ ပစ္မွတ္က ကစားပုံေကာင္းေအာင္ ကစားမယ္။ ၿပီးေတာ့ ၿပီးခဲ့တဲ့ႏွစ္ရာသီမွာ လုပ္ျပခဲ့သလို ကာရာေဘာင္းဖလားကို ဗိုလ္စြဲေအာင္လုပ္ဖို႔ပါ ” လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။

ယနေ့ည နှစ်နာရီခွဲ အချိန်မှာတော့ မန်ချက်စတာမြိုခံနှစ်သင်းဖြစ်တဲ့ ယူနိုက်တက်အသင်းနဲ့ မန်စီးတီးအသင်းတို့ဟာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်ပထမအကျော့အဖြစ် အိုးထရက်ဖို့ဒ်ကွင်းကြီးထဲမှာ ယှဉ်ပြိုင်ကစားကြတော့မှာပဲ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်မတိုင်မီမှာ သတင်းစာရှင်းလင်းပွဲမှာ နှစ်သင်းစလုံးရဲ့ နည်းပြတွေဟာ တစ်ဖက်အသင်းတွေကို ခြောက်တစ်ခါ ၊ ချော့တစ်လှည့်နဲ့ စကားစစ်ထိုးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Photo Credit: Metro.com

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဥရောပရဲ့ အကောင်းဆုံး တန်ပြန်တိုက်စစ်ကို ပိုင်ဆိုင်ထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ချီးကျူးခဲ့တဲ့ ဂွာဒီယိုလာဟာ ယူနိုက်တက်အသင်းကို ဘယ်တော့မှ ကိုင်တွယ်သွားမှာ မဟုတ်ဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ဖွင့်ဟခဲ့ပါတယ်။ ဂွာဒီယိုလာက ယူနိုက်တက်အသင်းကို ကိုင်တွယ်မယ့်အစား သူ့အနေနဲ့ မော်လ်ဒိုက်ကျွန်းပေါ်မှာပဲ သွားနေတော့မယ်လို့ ပြောဆိုသွားခဲ့တာပါ။

Photo Credit: Metro.com

ယူနိုက်တက်ကို ကိုင်တွယ်မလားဆိုတဲ့ မေးခွန်းအပေါ် ဂွာဒီယိုလာက ” စီးတီးကို ကိုင်တွယ်ပြီးနောက်ပိုင်းမှာ ယူနိုက်တက်ကို ကိုင်တွယ်တော့မှာ မဟုတ်ပါဘူး။ ဒါက ရီးရဲလ်မက်ဒရစ်ကို မကိုင်တွယ်တဲ့ အကြောင်းပြချက်နဲ့ အတူတူပါပဲ။ ကျွန်တော့်ကို ကမ်းလှမ်းမှုတွေ မရှိတော့တဲ့ အခါကျရင် ကျွန်တော်က မော်လ်ဒိုက်မှာပဲ နေတော့မှာပါ ” လို့ ဖွင့်ဟပြောဆိုသွားခဲ့တာပါ။

Photo Credit: Metro.com

ဆက်လက်ပြီး ဂွာဒီယိုလာက သူ့အနေနဲ့ ကာရာဘောင်းဖလားကို ဗိုလ်စွဲဖို့ ရည်မှန်းထားကြောင်း ” ကျွန်တော်က ဒီပွဲစဉ်မှာ ယူနိုက်တက်ကို အနိုင်ယူရုံ ဒါမှမဟုတ် ယူနိုက်တက်အရှေ့မှာ လာကစားရုံလောက်သာ မျှော်မှန်းထားတာ မဟုတ်ပါဘူး။ အဲ့ဒါက ပစ်မှတ်မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ပစ်မှတ်က ကစားပုံကောင်းအောင် ကစားမယ်။ ပြီးတော့ ပြီးခဲ့တဲ့နှစ်ရာသီမှာ လုပ်ပြခဲ့သလို ကာရာဘောင်းဖလားကို ဗိုလ်စွဲအောင်လုပ်ဖို့ပါ ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။