မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာကတော့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ကစားသွားရမယ့် ချန်ပီယံလိဂ် ဒုတိယ အဆင့် ပွဲစဉ်မှာ စိတ်ပြင်းပြင်မှု မရှိဘူး ဆိုရင် နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မှာ မဟုတ်ဘူးလို့ အသင်းသားတွေကို သတိပေးသွားခဲ့တာပဲ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ်မှာ အစ္စကိုရဲ့ သွင်းဂိုးကို အရင် ခွင့်ပြုခဲ့ရပေမယ့်လည်း ဂျေဆပ် နဲ့ ဒီဘရှိုင်းရဲ့ သွင်းဂိုး (၂) ဂိုးကြောင့် ရီးရဲလ်အသင်းကို (၁-၂) နဲ့ အနိုင်ရရှိသွားခဲ့ပြီး ရာမို့စ်က အနီကဒ်နဲ့ အထုတ်ခံခဲ့ရပါတယ်။

Photo Credit: Marca

ရီးရဲလ်အသင်းဟာ မန်စီးတီးအသင်းနဲ့ ကစားမယ့် ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်မှာ အသင်းခေါင်းဆောင် နောက်ခံလူ ရာမို့စ် မပါဘဲ ကစားရမှာ ဖြစ်ပြီး နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကို (၁-၂) နဲ့ ရှုံးခဲ့တာကြောင့် နောက်တစ်ဆင့် တက်နိုင်ဖို့ ခက်ခဲပါတယ်။ မန်စီးတီးအသင်းဟာ ရီးရဲလ်အသင်းနဲ့ ကစားသွားမယ့် ပွဲစဉ်မှာ နောက်တစ်ဆင့် တက်ဖို့ အခွင့်အရေးတွေ ပိုများနေတာ ဖြစ်ပေမယ့်လည်း အသင်းရဲ့ နည်းပြ ပက် ဂွါဒီယိုလာက စိတ်ပြင်းပြမှု မရှိဘူး ဆိုရင် နောက်တစ်ဆင့်ကို တက်နိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

Photo Credit: Marca

သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ ပက် ဂွါဒီယိုလာက “ကျွန်တော်တို့မှာ စိတ်ပြင်းမှု မရှိဘူး ဆိုရင် ကျွန်တော်တို့ ပြဿနာ ရှိလာမှာ ဖြစ်ပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်ကိုသာ ကြည့်ရမှာ ဖြစ်ပြီး ရီးရဲလ်အသင်းက အဲဒီမှာ ရှိနေပါလိမ့်မယ်။ အသင်းက ဒါကို သိပါတယ်။ ဒီတော့ သူတို့တွေကို အထူး ပြောစရာ မလိုပါဘူး။ ဒီပွဲစဉ်မှာ ကျွန်တော်တို့ ဘာလုပ်သွားမလဲ ဆိုတဲ့ အကြောင်း အနည်းငယ် ပြောပြပါမယ်။ ဒါပေမယ့် ဒါက လက်ရှိရာသီမှာ ကျွန်တော်တို့ လုပ်ခဲ့တာနဲ့ ယှဉ်ရင် ဘာမှတော့ မဟုတ်ပါဘူး။ ဒီပွဲစဉ်မှာ နည်းဗျူဟာက အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့အထဲမှာ ရှိတဲ့ စွမ်းအင်နဲ့မှ အနိုင်ယူနိုင်မှာ ဖြစ်ပါတယ်”လို့ ပြောသွားခဲ့ပါတယ်။