မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာက ရီးရဲလ်အသင်းနဲ့ ကစားသွားရမယ့် ချန်ပီယံလိဂ် ပွဲစဉ်မှာ အနိုင်မရဘူး ဆိုရင် မန်စီးတီး နည်းပြအဖြစ်က ထုတ်ပယ်ခံရနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဝက်စ်ဟမ်း၊ လက်စတာတို့နဲ့ ကစားပြီးရင် လာမယ့် (၂၇) ရက်နေ့မှာ ရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။

Photo Credit: Goal

နည်းပြ ဂွါဒီယိုလာဟာ ဘာစီလိုနာအသင်းကို နည်းပြခဲ့စဉ်က ချန်ပီယံလိဂ် ဆုဖလား (၂) ကြိမ် ရရှိခဲ့ပြီး မန်စီးတီးအသင်းကို နည်းပြခဲ့စဉ်ကတည်းက ပရီးမီးယားလိဂ် (၂) ကြိမ် ရရှိခဲ့ပါတယ်။ နည်းပြ ဂွါဒီယိုလာက ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ အဝေးကွင်း ပွဲစဉ်မှာသာ ရီးရဲလ်အသင်းကို အနိုင်မရရင် နည်းပြအဖြစ်က ထုတ်ပယ်ခံရနိုင်တယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ဂွါဒီယိုလာက “တကယ်လို့ ကျွန်တော်တို့အနေနဲ့ ရီးရဲလ်အသင်းကို အနိုင်မရဘူးဆိုရင် အသင်းဥက္ကဌ ဒါမှမဟုတ် အားကစား ဒါရိုက်တာက လာပြီး ဒီပွဲက မကောင်းဘူး၊ ငါတို့တွေက ချန်ပီယံလိဂ် ဖလားကို လိုချင်တာ၊ မင်းကို ထုတ်တော့မယ်လို့ ပြောပါလိမ့်မယ်။ အဲလိုပြောရင် ကောင်းပါပြီ။ ကျေးဇူးတင်ပါတယ်။ ဒါကို လက်ခံနိုင်ပါတယ်လို့ ပြောမှာပါ”လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

နည်းပြ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ဖလား (၂) ကြိမ်ဆက် ရရှိခဲ့ပြီး လက်ရှိရာသီမှာသာ ရရှိမယ် ဆိုရင် (၃) ကြိမ်ဆက် ရရှိနိုင်မှာ ဖြစ်ပေမဲ့ ရနိုင်ဖို့ ခက်ခဲပါတယ်။ နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၅) ပွဲ ကစားပြီးရာမှာ ရမှတ် (၅၁) မှတ်နဲ့ အဆင့် (၂) နေရာမှာ ရပ်တည်နေပြီး လီဗာပူးလ်နဲ့ (၂၂) မှတ် ကွာဟနေပါတယ်။