မနေ့ညက အိုးထရက်ဖိုဒ့်ကွင်းအတွင်းမှာ ကျင်းပခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့မန်ချက်စတာဒါဘီပွဲမှာ ယူနိုက်တက်အသင်းက မာစီယဲလ် တွမ်မီနေးအသင်းတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ မန်စီးတီးကို ၂ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ်ကို အနိုင်ယူခဲ့တာကြောင့် ဒီပွဲအပြီးမှာ မန်စီးတီးအသင်းရဲ့ပဲ့ကိုင်ရှင် နည်းပြပတ်ဂွာဒီယိုလာဟာ သူရဲ့နည်းပြဘဝသက်မ်းတလျှောက် အမှတ်ပေးလိဂ်ပြိုင်ပွဲတစ်ခုအတွင်း ရှံးပွဲအရေအတွက် ပမာဏအများအပြားနဲ့ ပထမဆုံးအကြိမ်အဖြစ် ရင်ဆိုင်သွားခဲ့ရပါတယ်။

Photo Credit : The Independent

ကမ္ဘာကျော်နည်းပြတစ်ဦးဖြစ်တဲ့ ဂွာဒီယိုလာဟာ မန်စီးတီးအသင်းနဲ့မတိုင်ခင် ဘာစီလိုနာ ဘိုင်ယန်မြူးနစ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး အဲ့ဒီအသင်းတွေကို ကိုင်တွယ်ခဲ့စဉ်တုန်းက အသင်းကို ရှံးပွဲပမာဏနည်းပါးအောင် စွမ်းဆောင်နိုင်ခဲ့သလို မန်စီးတီးအသင်းကို ပြောင်းလဲကိုင်တွယ်ရချိန်မှာလည်း နိုင်ပွဲတွေကိုသာ အများအပြားပိုင်ဆိုင်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာရဲ့မန်စီးတီးအသင်းက ဒီရာသီမှာတော့ အခုမန်ချက်စတာဒါဘီရှံးပွဲအပါအဝင်ကို လိဂ်ပွဲရှံးပွဲက (၇)ပွဲအထိကို ရှိလာခဲဲ့ပြီဖြစ်လို့ ဒီပမာဏဟာ သူရဲ့နည်းပြဘဝတလျှောက်မှာ အများဆုံးပမာဏ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Goal.com

မန်စီးတီးအသင်းဟာ ဒီရာသီမှာ လီဗာပူးလ် ယူနိုက်တက်(၂ကျော့စလုံး) ဝုလ်(၂ကျော့စလုံး) နော်ဝစ် စပါးအသင်းတွေကို ရှံးနိမ့်ထားခဲ့တာဖြစ်ပြီး ဒီလိုရှံးပွဲတွေများခဲ့လို့ပဲ လီဗာပူးလ်အသင်းကို အနီးကပ်လိုက်လံဖိအားပေးနိုင်ခြင်းမရှိနိုင်ခဲ့ကာ အခုဆိုရင် လီဗာပူးလ်နဲ့ မန်စီးတီးအသင်းတို့ကြားမှာ ရမှတ်ကွာဟချက်က ၂၅မှတ်အထိကို ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင်တော့ ပရီးမီးယားလိဂ် ပြိုင်ပွဲသမိုင်းတလျှောက် ချန်ပီယံအသင်းနဲ့ ဒုတိယနေရာကအသင်းတို့ရဲ့ကြားမှာ စံချိန်တင်အမှတ်ကွာဟချက်တစ်ခုအဖြစ် သတ်မှတ်ခံလာရနိုင်ပါတယ်။ ဒါ့အပြင် ဂွာဒီယိုလာဟာ ဒီရာသီမှာ ယူနိုက်တက်အသင်းနဲ့ ပြိုင်ပွဲစုံအတွင်း (၄)ကြိမ်အထိ ရင်ဆိုင်တွေ့ဆုံခဲ့ရာမှာ (၃)ကြိမ်တိုင်တိုင် အရှံးပေးခဲ့ရတာကလည်း သူ့အတွက် မှတ်တမ်းဆိုးတစ်ခုဖြစ်စေခဲ့ရပြီး ဒီရာသီအတွင်း သူရဲ့ကိုင်တွယ်ပုံတွေကြောင့် သူ့ကိုအသင်းက သက်တမ်းတိုးဖို့တောင် ပြန်စဉ်းစားလာဖွယ်ရှိနေပါတယ်။