မန်စီးတီးအသင်းနဲ့အတူ အင်္ဂလန်ပြည်တွင်းမှာ အောင်မြင်မှုဆုဖလားပေါင်းများစွာကို အရယူထားနိုင်ခဲ့တဲ့ စပိန်လူမျိုးနည်းပြ ဂွာဒီယိုလာကတော့ မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ အက်စ်တွန်ဗီလာအသင်းတို့ရဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ မန်စီးတီးအသင်းကို သုံးကြိမ်ဆက် ချန်ပီယံဖြစ်လာအောင် ဦးဆောင်ပြနိုင်ခဲ့အပြီးမှာတော့ လီဗာပူးအသင်းရဲ့ ဂန္တဝင်နည်းပြကြီးဖြစ်တဲ့ ပီစလေရဲ့ ချိုးဖျက်ရခက်တဲ့ စံချိန်တစ်ခုကို လိုက်မှီခဲ့တယ် လို့ သိရှိရပါတယ်။ အဆိုပါစံချိန်ကတော့ ကာရာဘောင်းဖလား ယခင်က ကားလင်းဖလားကို သုံးနှစ်ဆက်တိုက် ရယူနိုင်ခဲ့တ​ဲ့ စံချိန်ပါ။

Photo Credit: Manchester City.com

မန်စီးတီးအသင်းဟာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်အဆင့်မှာ မြို့ခံပြိုင်ဘက် မန်ယူအသင်းကို အလဲထိုးကာ အနိုင်ယူခဲ့ကာ ဗိုလ်လုပွဲကို တက်ရောက်လာခဲ့တာဖြစ်ပြီး တစ်ဖက်မှာတော့ အက်စ်တွန်ဗီလာအသင်းဟာ လက်စတာအသင်းကို အနိုင်ယူကျော်ဖြတ်ကာ ဗိုလ်လုပွဲဆီ တက်ရောက်နိုင်ခဲ့တဲ့အသင်းပါ။ ဗိုလ်လုပွဲ ဖြစ်တာကြောင့် နှစ်သင်းစလုံးဟာ အင်အားကုန် ထုတ်သုံးကာ ကစားခဲ့ကြပြီး မန်စီးတီးအသင်းက သာလွန်တဲ့ကစားသမား အင်အားကြောင့် အဖွင့်ဂိုးတွေကို လွယ်လွယ်ကူကူပဲ ရရှိခဲ့ပြီး အက်စ်တွန်ဗီလာအသင်းကတော့ ဦးဆောင်ဂိုးတွေ ပေးခဲ့ရပြီးမှသာ ကစားပုံ ပြန်လည် ကောင်းမွန်လာခဲ့တာပါ။ မန်စီးတီးအသင်း အတွက် သွင်းဂိုးတွေကိုတော့ ပွဲချိန် မိနစ် ၂၀မှာ အဂူရိုနဲ့ ပွဲချိန်မိနစ်၃၀မှာ ရိုဒရီတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပြီး မန်စီးတီးအသင်းအတွက် နှစ်သိမ့်ချေပဂိုးကို ပွဲချိန် ၄၁မိနစ်မှာ စမတ်တာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

Photo Credit: Manchester City.com

ကာရာဘောင်းဖလားဟာ ယခုနှစ်မှာ ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ရဖို့ ကျိန်းသေနေတဲ့ မန်စီးတီးအသင်းအတ​ွက် ပထမဦးဆုံး ဖလား ဖြစ်လာခဲ့ပြီး လက်ကျန် အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို ရရှိဖို့အတွက် ဆက်လက် ကြိုးပမ်းသွားရမှာပါ။ ကာရာဘောင်းဖလားကို ယခုတစ်ကြိမ် ထပ်မံရရှိခဲ့တာကြောင့် မန်စီးတီးအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ သုံးနှစ်ဆက်တိုက် ကာရာဘောင်းဖလားကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး မန်စီးတီး အသင်းလို စွမ်းဆောင်ရည်မျိုးကို ပြသခဲ့ဖူးတဲ့ အသင်းဟာ ယခင် လီဗာပူးလ်အသင်းဖြစ်ပြီး ဂွာဒီယိုလာဟာလဲ လီဗာပူးလ်ရဲ့ ဂန္တဝင်နည်းပြကြီး ပီစလေရဲ့နောက် ပထမဦးဆုံးအကြိမ် ကာရာဘောင်းဖလားကို သုံးနှစ်ဆက်ရယူနိုင်တဲ့ နည်းပြ ဖြစ်လာခဲ့ပါတယ်။