မန်စီးတီးအသင်း နည်းပြ ဂွါဒီယိုလာကတော့ အက်ဖ်အေ ဖလားကို ရရှိခြင်းထက် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၂) နေရာနဲ့ ရာသီကုန်ဆုံးခြင်းက ပို ကောင်းပြီး လက်ရှိရာသီမှာ လီဗာပူးလ်အသင်းထက် ပိုမကောင်းပေမယ့် (၁၈) သင်းထက် ပိုကောင်းတယ်လို့ ပြောသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ လွန်ခဲ့တဲ့ (၂၀၁၆) ခုနှစ်မှာ နည်းပြ ပက် ဂွါဒီယိုလာကို ခေါ်ယူပြီးနောက် ပရီးမီးယားလိဂ် ဆုဖလား (၂) ကြိမ် အပါအဝင် ဆုဖလားပေါင်း (၈) ကြိမ် ရရှိသွားခဲ့တာ ဖြစ်ပြီး အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပြိုင်ဘက်အသင်းတွေကို ဒုက္ခပေးလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

 

မန်စီးတီးအသင်းဟာ လက်ရှိရာသီမှာ ကာရာဘောင် ဖလားကို ရရှိသွားခဲ့ပြီ ဖြစ်ပြီး အက်ဖ်အေ ဖလား ပြိုင်ပွဲမှာ ဆီးမီးဖိုင်နယ် အဆင့် နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ (၁၆) သင်း ရှုံးထွက် အဆင့်ကို ရောက်ရှိထားတာ ဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ် ဆုဖလားကိုတော့ ဆုံးရှုံးခဲ့ပြီ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ လက်ရှိရာသီ အက်ဖ်အေ ဖလား ဆီးမီးဖိုင်နယ် ပွဲစဉ်မှာ အာဆင်နယ်အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး အက်ဖ်အေ ဖလားကို ရရှိနိုင်ချေရှိနေပေမယ့် မန်စီးတီးအသင်းရဲ့ နည်းပြ ဂွါဒီယိုလာကတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၂) နေရာ ရတာကို ကျေနပ်နေပါတယ်။

Photo Credit: Goal

 

မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာက “ဒီက အသင်းတွေက ဆုဖလားတွေကို ရရှိချင်ကြတယ်။ ဒီတော့ ဒါက ပြီးပြည့်စုံတဲ့ စိတ်ကျေနပ်မှုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါက ကျွန်တော်တို့ရဲ့ ပြိုင်ဘက်အသင်းက ဒီပြိုင်ပွဲမှာ အလွန် ကောင်းတယ် ဆိုတာ နဲ့ ကျွန်တော်တို့က သူတို့တွေရဲ့ အဆင့်ကို မရောက်ခဲ့ဘူး ဆိုတာကို သက်သေပြနေပါတယ်။ အဆင့် (၂) နေရာက အက်ဖ်အေဖလား ရရှိခြင်း၊ ကာရာဘောင်ဖလား ရရှိခြင်း နဲ့ အခြား ချန်ပီယံလိဂ် ဝင်ခွင့် ရရှိခြင်းတို့ထက် ပိုကောင်းတယ် ဆိုတာ ငြင်းပယ်လို့ မရပါဘူး။ အခြားအသင်းတွေကတော့ ဒီအရာတွေအတွက် တိုက်ပွဲဝင်ကစားနေကြရပါတယ်။ ကျွန်တော်တို့  အကောင်းဆုံး မဖြစ်ခဲ့ဘဲ အခြင်းအသင်းက အကောင်းဆုံး ဖြစ်ခဲ့ပေမဲ့ ကျွန်တော်တို့ (၁၈) သင်းထက် ပိုကောင်းပါတယ်”လို့ ပြောသွားခဲ့ပါတယ်။