မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာကတော့ ဘာစီလိုနာအသင်းကို နည်းပြခဲ့စဉ်က သူ့ရဲ့ အဓိက ကစားသမား ဖြစ်ခဲ့တဲ့ တိုက်စစ်မှူး မက်ဆီကို အခြား အသင်းကို မပြောင်းစေလိုဘဲ ဘာစီလိုနာအသင်းမှာပဲ ဆက်နေစေချင်တယ်လို့ အခိုင်အမာ သတိပေး ပြောကြားသွားတာ ဖြစ်ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့ ရက်တွေမှာ ဘာစီလိုနာအသင်းကနေ ထွက်သွားနိုင်ချေ ရှိပါတယ်လို့ သတင်းတွေ ထွက်လာခဲ့စဉ်က မန်စီးတီးအသင်းမှာ နည်းပြ ဂွါဒီယိုလာနဲ့ တစ်ကျော့ပြန် ပြန်လည် ပူးပေါင်းနိုင်တယ်လို့လည်း ထင်မြင်ယူဆချက် ရှိနေခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ အရင်ကလည်း ဘာစီလိုနာအသင်းကနေ ထွက်သွားနိုင်တယ်လို့ သတင်းတွေ ထွက်လာခဲ့ဖူးပေမယ့်လည်း ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ်ကို ထပ်တိုးခဲ့တာ ဖြစ်ပြီး နည်းပြ ဂွါဒီယိုလာကတော့ မက်ဆီက မထွက်သွားဖို့ သတိပေးသွားခဲ့ပါတယ်။ မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာက “ကျွန်တော် လက်ရှိရာသီ မကုန်ခင်အထိ အပြောင်းအရွေ့ အကြောင်းကို တစ်ခွန်မှ မပြောပါဘူး။ ကျွန်တော့်ရဲ့ ဆန္ဒကတော့ မက်ဆီအနေနဲ့ ဘာစီလိုနာ အသင်းမှာပဲ ဆက်နေစေချင်ပါတယ်”လို့ သတင်းထောက်တွေကို ပြောသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

မန်စီးတီးအသင်းဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ဆုဖလားကို ဆက်တိုက် မရရှိနိုင်ခဲ့ပေမဲ့ ကွန်မြူနတီဒိုင် ဖလား နဲ့  ကာရာဘောင်ဖလားတို့ကို ရရှိခဲ့ပြီ ဖြစ်ပြီး အက်ဖ်အေ ဖလား ပြိုင်ပွဲ နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲတို့မှာလည်း နောက်တစ်ဆင့်အတွက် အခြေအနေ ကောင်းနေတာ ဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးလ်အသင်းကို (၄-ဝ) နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပေမယ့်လည်း ဆောက်သမ်တန်အသင်းကို (၁-ဝ) ရလဒ်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပြီး လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် နယူးကာဆယ်အသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။ မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာဟာ ဆောက်သမ်တန်အသင်းကို ရှုံးနိမ့်သွားခဲ့ပြီးတဲ့နောက် နည်းပြဘဝမှာ ပထမဆုံး အကြိမ် အဖြစ် အဝေးကွင်း လိဂ်ပွဲစဉ် (၃) ပွဲဆက် ရှုံးနိမ့်ခဲ့ပါတယ်။