မန္စီးတီး နည္းျပ ပက္ ဂြါဒီယုိလာကေတာ့ မန္ယူ နည္းျပ ဆုိးလ္ရွားဟာ သူ ျမင္ခ်င္ခဲ့တဲ့ မန္ယူ အသင္းကုိ စတင္ျမင္ေနရပါၿပီလုိ႔ ကာရာေဘာင္ ဖလား ပဲြစဥ္ မတုိင္ခင္ ခ်ီးက်ဴးသြားခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ မနက္ျဖန္ အဂၤါေန႔ည၊ ဗုဒၥဟူးေန႔ နံနက္ (၂း၃၀) အခ်ိန္မွာ မန္ယူအသင္းနဲ႔ ကာရာေဘာင္ ဖလား ဆီးမီးဖုိင္နယ္ ပဲြစဥ္မွာ မန္ခ်က္စတာ ဒါဘီပဲြစဥ္ ကစားၾကမွာ ျဖစ္ပါတယ္။

Photo Credit: Gettyimage

မန္ယူအသင္းဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလက မန္စီးတီးအသင္းကုိ အႏုိင္ရခဲ့တဲ့ ပရီးမီးယားလိဂ္ ပဲြစဥ္ ေနာက္ပုိင္း သေရက်တဲ့ မရွိဘဲ (၂) ပဲြ အႏုိင္ရၿပီး ဝက္ဖုိ႔ဒ္ နဲ႔ အာဆင္နယ္တုိ႔ကုိ ရႈံးနိမ့္ခဲ့ပါတယ္။ မန္ယူအသင္းဟာ ပရီးမီးယားလိဂ္ ၿပိဳင္ပဲြမွာ အဆင့္ (၄) ေနရာက ခ်ဲလ္ဆီးအသင္းနဲ႔ ရမွတ္ (၅) မွတ္ကြာဟေပမဲ့ နည္းျပ ဂြါဒီယုိလာကေတာ့ ဆုိးလ္ရွားရဲ႕ လြမ္းမုိးမႈကုိ ခ်ီးက်ဴးခဲ့တာ ျဖစ္ပါတယ္။

Photo Credit: Gettyimage

နည္းျပ ဂြါဒီယုိလာက “အုိလီ ဆုိးလ္ရွားက သူ လုိခ်င္တဲ့ မန္ယူအသင္းကုိ စျမင္ေနရပါၿပီ။ ဒါက ကြ်န္ေတာ့္ရဲ႕ ခံစားခ်က္ပါ။ သူတုိ႔ ၿပီးခဲ့တဲ့ ပဲြမွာ အာဆင္နယ္အသင္းကုိ ရႈံးနိမ့္ခဲ့ေပမဲ့ သူတုိ႔ေတြ ဘာလုိခ်င္လဲ ဆုိတာကုိ ကြ်န္ေတာ္တုိ႔ ျမင္ခဲ့ၾကပါတယ္။ ၿပိဳင္ပဲြတုိင္းမွာ ဆုဖလားေတြ ရခ်င္တဲ့ အသင္းႀကီးကုိ ကုိင္တြယ္ရတာ မလြယ္ပါဘူး။ နည္းျပတုိင္း အခ်ိန္လုိပါတယ္”လုိ႔ ေျပာပါတယ္။

{Unicode}

မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာကတော့ မန်ယူ နည်းပြ ဆိုးလ်ရှားဟာ သူ မြင်ချင်ခဲ့တဲ့ မန်ယူ အသင်းကို စတင်မြင်နေရပါပြီလို့ ကာရာဘောင် ဖလား ပွဲစဉ် မတိုင်ခင် ချီးကျူးသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ မနက်ဖြန် အင်္ဂါနေ့ည၊ ဗုဒ္စဟူးနေ့ နံနက် (၂း၃၀) အချိန်မှာ မန်ယူအသင်းနဲ့ ကာရာဘောင် ဖလား ဆီးမီးဖိုင်နယ် ပွဲစဉ်မှာ မန်ချက်စတာ ဒါဘီပွဲစဉ် ကစားကြမှာ ဖြစ်ပါတယ်။

Photo Credit: Gettyimage

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် နောက်ပိုင်း သရေကျတဲ့ မရှိဘဲ (၂) ပွဲ အနိုင်ရပြီး ဝက်ဖို့ဒ် နဲ့ အာဆင်နယ်တို့ကို ရှုံးနိမ့်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၄) နေရာက ချဲလ်ဆီးအသင်းနဲ့ ရမှတ် (၅) မှတ်ကွာဟပေမဲ့ နည်းပြ ဂွါဒီယိုလာကတော့ ဆိုးလ်ရှားရဲ့ လွမ်းမိုးမှုကို ချီးကျူးခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Gettyimage

နည်းပြ ဂွါဒီယိုလာက “အိုလီ ဆိုးလ်ရှားက သူ လိုချင်တဲ့ မန်ယူအသင်းကို စမြင်နေရပါပြီ။ ဒါက ကျွန်တော့်ရဲ့ ခံစားချက်ပါ။ သူတို့ ပြီးခဲ့တဲ့ ပွဲမှာ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့ပေမဲ့ သူတို့တွေ ဘာလိုချင်လဲ ဆိုတာကို ကျွန်တော်တို့ မြင်ခဲ့ကြပါတယ်။ ပြိုင်ပွဲတိုင်းမှာ ဆုဖလားတွေ ရချင်တဲ့ အသင်းကြီးကို ကိုင်တွယ်ရတာ မလွယ်ပါဘူး။ နည်းပြတိုင်း အချိန်လိုပါတယ်”လို့ ပြောပါတယ်။