မန်စီးတီးနည်းပြ ပက် ဂွါဒီယိုလာက မန်စီးတီးအသင်းအနေနဲ့ တောင်ပံကစားသမား ဆာနေးကို စာချုပ်သစ် ထပ်တိုးဖို့ (၂) ကြိမ်၊ (၃) ကြိမ် ကမ်းလှမ်းခဲ့ပေမယ့်လည်း ဆာနေးက ငြင်းပယ်ခဲ့ပြီး စာချုပ် ကုန်ဆုံးသွားပြီး ဆိုတာနဲ့ မန်စီးတီးအသင်းကနေ ထွက်သွားလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ဂျာမနီ လက်ရွေးစင် တောင်ပံလူ ဆာနေးဟာ မန်စီးတီးအသင်းမှာ နောက်ဆုံးနှစ်ကို ရောက်ရှိပြီ ဖြစ်တာကြောင့် မန်စီးတီးအသင်းက သူ့ကို စာချုပ်သစ် ထပ်တိုးနိုင်ဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း စာချုပ် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး စာချုပ်ကုန်ရင် အသင်းပြောင်းသွားတော့မှာ ဖြစ်ပါတယ်။

 

Photo Credit: Goal

နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ တာင်ပံ ကစားသမား ဆာနေးကို အသင်းကနေ ထွက်သွားခွင့် ပြုမယ် ဆိုရင်တောင် ဈေးနှိမ့်နှိမ့် ထွက်သွားခွင့်ပြုမှာ မဟုတ်တာ သေချာနေပြီး လက်ရှိအချိန်မှာ ဂျာမနီ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘိုင်ယန်အသင်းက သူ့ကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ နှစ်ကတည်းက ဆာနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပေမယ့်လည်း ဆာနေးက ဒဏ်ရာရရှိခဲ့တာကြောင့် မန်စီးတီးအသင်းမှာ ဆက်နေခဲ့ပြီး အခုတော့ မန်စီးတီး နည်းပြ ဂွါဒီယိုလာက ဆာနေးအနေနဲ့ စာချုပ်ကုန်ရင် အသင်းပြောင်းတော့မယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

မန်စီးတီး နည်းပြ ဂွါဒီယိုလာက “ဆာနေးက စာချုပ် ထပ်မတိုးချင်ဘူးလို့ ပြောတယ်။ ဒါကြောင့် သူ အသင်းက ထွက်သွားတော့မှာပါ။ ဒီနွေရာသီမှာ ဒါမှမဟုတ် သူ့ရဲ့ စာချုပ်အကုန်မှာ အသင်းပြောင်းသွားပါလိမ့်မယ်။ မန်စီးတီးအသင်းက သူ့ကို စာချုပ်သစ် ထပ်တိုးဖို့ (၂) ကြိမ် ဒါမှမဟုတ် (၃) ကြိမ် ကမ်းလှမ်းခဲ့တယ်။ သူက ငြင်းပယ်ခဲ့တယ်။ ဒီတော့ သူက အခြားအသင်းတစ်သင်းကို ပြောင်းကစားသွားပါလိမ့်မယ်။ ဆာနေးက စာချုပ် ထပ်တိုးဖို့ ငြင်းပယ်ခဲ့တယ်။ ဒါကို လူတိုင်းက သိကြပါတယ်။ လက်ရှိရာသီ ကုန်ရင် သူ အသင်းက ထွက်သွားမယ်လို့ သဘောတူခဲ့ကြတယ်။ ဒီလို့မှ မဟုတ်ရင် သူ အသင်းမှာ (၁) နှစ် ဆက်ကစားပါလိမ့်မယ်”လို့ ပြောကြားသွားခဲ့ပါတယ်။