မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ဂွာဒီယိုလာဟာ ယနေ့မနက်မှာ ကစားသွားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်ဟမ်းအသင်းကို နှစ်ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့အပြီး ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ မန်စီးတီးအသင်းဟာ လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကို ကစားခွင့်ရရှိနိုင်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

Photo Credit: Mirror.com

ကွင်းလယ်တိုက်စစ် ကစားသမားဖြစ်တဲ့ ဒီဘရိုင်းရဲ့ ခြေစွမ်းပြမှုတွေနဲ့အတူ မန်စီးတီးအသင်းဟာ ဝက်ဟမ်းအသင်းကို သက်တောင့် သက်သာ အနိုင်ယူနိုင်ခဲ့တာပါ။ ဒီဘရိုင်းဟာ အဆိုပါပွဲစဉ်မှာ တစ်ဂိုးသွင်း တစ်ဂိုးဖန်တီးပေးနိုင်ခဲ့ပြီး လက်ရှိရာသီမှာ သူ့ရဲ့ဂိုးဖန်တီးမှုဟာ ၁၆ကြိမ်အထိ ရှိနေပြီလို့ သိရပါတယ်။

Photo Credit: Mirror.com

မန်စီးတီးအသင်းဟာ UEFAရဲ့ ဘဏ္ဏာရေး စည်းမျဉ်းဖြစ်တဲ့ FFPစည်းမျဉ်းကို ချိုးဖောက်ခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ နှစ်ရာသီ ထုတ်ပယ်ခံရမယ့် ပြစ်ဒဏ်ကျခံနေရတာဖြစ်ပြီး လက်ရှိမှာတော့ မန်စီးတီးအသင်းဟာ အဆိုပါ ပြစ်ဒဏ်ကို အယူခံဝင်ဖို့ လုပ်ဆောင်နေပါတယ်။ ဂွာဒီယိုလာကတော့ အဆိုပါသတင်းတွေကို အတည်ပြုသွားပြီး သူတို့ဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရနိုင်ကြောင်း ဝန်ခံသွားပါတယ်။

Photo Credit: Mirror.com

မန်စီးတီးအသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ပတ်သတ်ပြီး ဂွာဒီယိုလာက ” ဒါက မပြီးဆုံးသေးပါဘူး။ အသင်းဟာ ဒီဆုံးဖြတ်ချက်ကို မမျှတဘူးလို့ ယူဆထားပြီး အခုချိန်မှာ အယူခံ ဝင်ဖို့ လုပ်ဆောင်နေပါတယ်။ လာမယ့်ရာသီမှာ တကယ်လို့ ကျွန်တော်တို့ကသာ ချန်ပီယံလိဂ် ဝင်ခွင့်ရရင် ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်ကို ကစားရနိုင်ပါတယ် ” လို့ ပြောကြားသွားတာပါ။