လတ်တလော အနာဂတ် အခြေအနေတွေ လှုပ်ခတ်နေရတဲ့ တိုက်စစ်ကစားသမား ဂရီးဇ်မန်းက သူအနေနဲ့ ဘာစီလိုနာအသင်းကနေသာ ထွက်ခွာသွားရမယ်ဆိုရင် သူအနေနဲ့ တခြားသော ကလပ်အသင်းတွေကို ပြောင်းရွှေ့ကစားဖို့ထက် သူရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းဆီကိုပဲ ပြန်လည်ပြောင်းရွှေ့ချင်နေတယ်လို့ စပိန်နာမည်ကျော် သတင်းမီဒီယာ Marca ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : SPORTbible

အသက်(၃၀)အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဂရီးဇ်မန်းဟာ ရီးယဲလ်ဆိုစီဒက် အသက်လက်တီကိုမက်ဒရစ်အသင်းတွေနဲ့ လာလီဂါမှာ အချိန်အတော်များစွာ ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး ၂၀၁၉ခုနှစ်မှာပဲ အသက်လက်တီကိုကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွေ့ကြေး ပေါင်(၁၀၈)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဂရီးဇ်မန်းဟာ အသက်လက်တီကိုအသင်းမှာ ပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်မျိုးအတိုင်း ဘာစီလိုနာမှာ ထပ်တူပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ဘာစီလိုနာမှာ ပါဝင်ခဲ့တဲ့ (၂)ရာသီအတွင်းမှာလည်း စုစုပေါင်း သွင်းဂိုးက (၃၅)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဒီလို အခြေအနေတွေ ရှိနေရတဲ့အပြင် နွေစျေးကွက်အတွင်းမှာပါ ဘာစီလိုနာဘက်ကနေ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆာဂျီယိုအဂွဲရိုးနဲ့ မန်ဖစ်ဒီပိုင်းတို့ကို ခေါ်ယူအားဖြည့်ထားတာဖြစ်လို့ ဂရီးဇ်မန်းအနေနဲ့ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့က မရေရာတော့တဲ့ အနေအထားတွေ ဖြစ်လာခဲ့ရပါတယ်။ က ဒါတွေအပြင် ဘာစီလိုနာအသင်းဟာ အသင်းရဲ့ အဓိက ကစားသမား လီယွန်နယ်မက်ဆီကို စာချုပ်သက်တမ်း တိုးမြှင့်ဖို့နဲ့ စပိန်လာလီဂါပြိုင်ပွဲကနေ သတ်မှတ်ထားတဲ့ အသင်းသားတွေရဲ့ လစာပမာဏဟာလည်း (၄၀)%ကျော်အထိ ကျော်လွန်နေတာဖြစ်လို့ ဂရီးဇ်မန်းလို လစာမြင့်မားတဲ့ ကစားသမားတွေကို အသင်းကနေ ရှင်းထုတ်ဖို့က မဖြစ်မနေ လိုအပ်နေတာဖြစ်ပါတယ်။ ဒီလို အနာဂတ် မရေရာတော့တဲ့ ဂရီးဇ်မန်းကို မန်စီးတီး မန်ချက်စတာယူနိုက်တက် ချယ်လ်ဆီးအသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားလာခဲ့သလို အသင်းဟောင်း အသက်လက်တီကိုနဲ့လည်း သတင်းတွေ ထွက်ပေါ်လျက်ရှိပြီး ကစားသမားကိုယ်တိုင်ကတော့ တခြားသော ကလပ်အသင်းတွေထက် သူရဲ့အသင်းဟောင်း အသက်လက်တီကိုသာ ပြန်သွားချင်နေလိမ့်မယ်လို့ Marca ကနေ ဖော်ပြသွားခဲ့ပါတယ်။ ဂရီးဇ်မန်းဟာ ဘာစီလိုနာအသင်းကို မရောက်ရှိခင်က အသက်လက်တီကိုအသင်းမှာ (၅)ရာသီအထိ ပါဝင်ကစားခဲ့ပြီး အသင်းအတွက်ကိုလည်း ပြိုင်ပွဲစုံပွဲပေါင်း (၂၅၇)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို အသင်းနဲ့လည်း ယူရိုပါလိဂ်ဖလား ဥရောပစူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။