ဘာစီလိုနာအသင်းရဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား အန်တိုနီယိုဂရစ်ဇ်မန်းက လက်ရှိမှာ ကျောနံပါတ်(၁၇)ကို ဝတ်ဆင်ထားခဲ့ရပေမယ့်လို့ လာမယ့်နှစ် ဘောလုံးရာသီိကနေစတင်ပြီး အသက်လက်တီကိုမက်ဒရစ်အသင်းမှာ ကစားခဲ့စဉ်တုန်းက ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်ဖြစ်တဲ့ ကျောနံပါတ်(၇)ဂျာစီကို ပြောင်းလဲဝတ်ဆင်ဖို့ အလိုရှိတယ်လို့ ထုတ်ပြန်ပြောဆိုသွားခဲ့ပါတယ်။ အခုလို ကျောနံပါတ်(၇)ကို ဝတ်ဆင်ချင်တယ်လို့ ပြောဆိုမိခဲ့တဲ့အတွက် လက်ရှိကျောနံပါတ်(၇)ပိုင်ရှင်ဖြစ်သူ ဖီိလစ်ပီကော်တင်ဟိုရဲ့ အနာဂတ်ဟာလည်း မရေမရာပိုဖြစ်လာခဲ့ရပါတယ်။

Photo Credit : Getty Image

အသက်(၂၉)နှစ်အရွှယ်ရှိ တိုက်စစ်မှူးဂရစ်ဇ်မန်းဟာ ဒီနှစ်ဘောလုံးရာသီအစမှ အသက်လက်တီကိုအသင်းကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ (၇)ဂျာစီကို ဝတ်ဆင်ချင်နေပေမယ့် ကျောနံပါတ်(၇)က ပိုင်ရှင်ရှိပြီးသားဖြစ်လို့ ကျောနံပါတ်(၁၇)ကိုသာ ဝတ်ဆင်ခဲ့ရပါတယ်။ ဒါပေမယ့် ဂရစ်ဇ်မန်းဟာ Twitter Live Stream တစ်ခုထဲမှာတော့ သူ့အနေနဲ့ ဘာစီလိုနာအသင်းမျာ ကျောနံပါတ်(၇)ကို ဝတ်ဆင်လိုကြောင်း ပြောဆိုလာခဲ့ပြီိး လာမယ့်ရာသီမှာ ဒီကျောနံပါတ်ကို ပိုင်ဆိုင်ရဖို့ မျှော်လင့်ထားကြောင်းကိုပါ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Image

ဘာစီလိုနာအသင်းကလည်း သူတို့အသင်းရဲ့ လက်ရှိကျောနံပါတ်(၇)ပိုင်ရှင်ဖြစ်တဲ့ ဖီလစ်ပီကော်တင်ဟိုကို လာမယ့်ဘောလုံးရာသီအတွင်း အသင်းကနေ ရောင်းထုတ်ဖို့အတွက် ပြင်ဆင်လျက်ရှိနေပြီး ကော်တင်ဟိုကတော့ သူကျင်လည်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ဆီကိုသာ ပြန်သွားဖွယ်ရှိနေပါတယ်။ လက်ရှိမှာ ကော်တင်ဟိုကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးအသင်းဘက်ကနေ စိတ်ဝင်အစားဆုံးဖြစ်လို့နေပြီး အသင်းနဲ့ လမ်းခွဲတော့မယ့် ဝီလီယံရဲ့နေရာမှာ အစားထိုးဖို့အတွက် ခေါ်ယူဖွယ်ရှိနေသလို မန်ချက်စတာယူနိုက်တက် လီဗာပူးလ် စပါးအသင်းတို့အပြင် သူရဲ့အသင်းဟောင်းလီဗာပူးလ်အသင်းကပါ ခေါ်ယူဖို့အတွက် ပစ်မှတ်ထားလို့နေပါတယ်။ တကယ်လို့ ကော်တင်ဟိုကိုသာ ရောင်းထုတ်လိုက်မယ်ဆိုရင်တော့ ဂရစ်ဇ်မန်းအနေနဲ့ သူလိုချင်နေတဲ့ ကျောနံပါတ်(၇)ကို ပိုင်ဆိုင်နိုင်ဖို့ ပိုနီးစပ်လာမှာဖြစ်ပေမယ့်လို့ ဂရစ်ဇ်မန်းကိုယ်တိုင်ပါ ဘာစီလိုနာအသင်းရဲ့ အရောင်းစာရင်းမှာ ပါဝင်ဖွယ်ရှိနေတာတောင် သူ့အနာဂတ်မှာလည်း မရေမရာဖြစ်လို့နေပါတယ်။