ဘာစီလိုနာအသင်းရဲ့ ကစားသမားဟောင်း အော်လန်ဒီက ဘာစီလိုနာ တိုက်စစ်မှူး ဂရစ်စမန်းဟာ နေရာမှန်မှာ ကစားမယ်၊ နံပါတ် (၁၀) နေရာမျိုးမှာ ကစားနိုင်မယ် ဆိုရင် လာလီဂါ သွင်းဂိုး အများဆုံး ကစားသမား ဖြစ်လာနိုင်တယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ ဂရစ်စမန်းဟာ အက်သလက်တီကိုအသင်းကနေ ဘာစီလိုနာအသင်းကို ပေါင် (၁၀၇) သန်းနဲ့ ပြောင်းရွေ့လာခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၁၅) ဂိုး သွင်းယူခဲ့ပေမယ့်လည်း ဘာစီလိုနာအသင်းမှာ သူ့ရဲ့ ပထမဆုံး ရာသီကို ခက်ခဲမှုတွေ များစွာနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ရာသီကို ဆုဖလား လက်မဲ့ ကုန်ဆုံးခဲ့တာကြောင့် အသင်းနည်းပြ ဆက်တီယန်ကို ထုတ်ပယ်ခဲ့ပြီး နည်းပြ ကိုးမန်းကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့ပြီးတဲ့နောက် တိုက်စစ်မှူး ဆွာရက်စ်ကို ဂျုဗင်တပ်အသင်းဆီ ရောင်းချနိုင်တယ်လို့ သတင်းထွက်လာပါတယ်။ တိုက်စစ်မှူး ဆွာရက်စ်ကသာ ဂျုဗင်တပ်အသင်းကို ပြောင်းသွားမယ် ဆိုရင် ဂရစ်စမန်းက နေရာ ပိုရသွားနိုင်ချေ ရှိပြီး ဘာစီလိုနာ ကစားသမားဟောင်း အော်လန်ဒိုကတော့ ဘာစီလိုနာအသင်းအနေနဲ့ ဂရစ်စမန်းကို နံပါတ် (၁၀) နေရာမှာ အသုံးပြုသင့်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

 

Photo Credit: Goal

အော်လန်ဒီက “ဂရစ်စမန်းကို ဘယ်တောင်ပံမှာ ကစားဖို့ ခေါ်ပြီး အဲဒီနေရာမှာ ကစားဖို့ ပြောခဲ့တဲ့ ဘာစီလိုနာအသင်းကို ကျွန်တော် အံ့အားသင့်မိတယ်။ ဒီလို ကမ္ဘာ့အဆင့် ကစားသမား တစ်ဦးကို ဈေးကြီး ပေးဝယ်ရင် သူ့ရဲ့ အကောင်းဆုံး နေရာမှာ ကစားစေသင့်တယ်။ ဂရစ်စမန်းက တိုက်စစ်မှုးအနေနဲ့ ကစားသင့်တယ်။ ဒီနေရာမှာ ဆွာရက်စ်လည်း ကစားနိုင်တယ်။ ဂရစ်စမန်းက နံပါတ် (၁၀) နေရာမှာ ကစားရမှာ ဖြစ်ပြီး ညာခြမ်းမှာ မက်ဆီ နဲ့ ဘယ်ခြားမှာ အခြားတစ်ဦး သုံးရပါမယ်။ ကျွန်တော် သူ့ကို နံပါတ် (၉) ကစားသမားလို မမြင်ပါဘူး။ ဂရစ်စမန်းက သူ ကစားချင်နေတဲ့ နေရာကို ကစားခွင့် ရရှိမယ် ဆိုရင် အကောင်းဆုံး ဖြစ်လာနိုင်ပါတယ်။ သူ လာလီဂါ သွင်းဂိုး အများဆုံး ကစားသမားဆုကို ရရှိဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်”လို့ ပြောသွားပါတယ်။