မန်ယူ လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ်ကတော့ မန်ယူအသင်းမှာ ရယ်စရာ အကောင်းဆုံး သူက တောင်ပံ ကစားသမား ဂျိမ်း နဲ့ တိုက်စစ်မှူး လင်ဂတ်တို့ ဖြစ်တယ်လို့ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ဂရင်းဝုဒ်ကတော့ ဘောလုံးဂိမ်းသမား အက်ဝင်း ကက်စထရို (Edwin Castro) နဲ့ FIFA 20 ကို ကစားကြတဲ့ အချိန်မှာ အရယ်ရဆုံး မန်ယူ ကစားသမား (၂) ဦး ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ မန်ယူ အကယ်ဒမီအသင်းထွက် ကစားသမား ဖြစ်ပြီး မန်ယူ အကယ်ဒမီအသင်းကနေ မန်ယူ ပထမအသင်းကို ရောက်ရှိလာနိုင်ခဲ့တဲ့ လူငယ် တိုက်စစ်မှူး တစ်ဦးပဲ ဖြစ်ပါတယ်။

Photo Credit: MEN

ဂရင်းဝုဒ်ဟာ (၂၀၁၉) ခုနှစ် ဇူလိုင်လ (၁၇) ရက်နေ့က လိဒ်ယူနိုက်တက်အသင်းကို (၄-ဝ) နဲ့ အနိုင်ရခဲ့တဲ့ ရာသီကြို ပွဲစဉ်မှာ မန်ယူအသင်းအတွက် စီနီယာ သွင်းဂိုးကို ပထမဆုံး သွင်းယူခဲ့ပါတယ်။ အင်္ဂလန် လူမျိုး ဂရင်းဝုဒ်ဟာ အသက် (၁၈) နှစ်အရွယ်သာ ရှိသေးပေမဲ့ မန်ယူအသင်းအတွက် အရေးပါတဲ့ တိုက်စစ်မှူး ဖြစ်ပြီး ဒီရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး (၅) ဂိုး သွင်းယူခဲ့ပါတယ်။ သူဟာ FIFA 20 ကို ကစားနေတဲ့ အချိန်မှာ ကစားဖော် ဘောလုံး ဂိမ်းသမား ကက်စထရိုက မန်ယူအသင်းမှာ ရယ်စရာ အကောင်းဆုံး ကစားသမားကို မေးမြန်းသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: MEN

မန်ယူ လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ မန်ယူအသင်းမှာ ရယ်စရာ အကောင်းဆုံး သူတွေက ဘယ်သူတွေ ဖြစ်မလဲလို့ ကက်စထရိုက မေးလိုက်တဲ့ အခါမှာ သူက “ရယ်စရာ အကောင်းဆုံး သူတွေလား။ ဂျိမ်း နဲ့ လင်ဂတ် ဖြစ်မှာပါ။ သူတို့ နှစ်ယောက်စလုံးပါ”လို့ ဖြေဆိုသွားခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ ဂန္တဝင် ကစားသမားတွေထဲက ဘယ်သူနဲ့ တွဲကစားချင်ပါသလဲလို့ အမေးခံရတဲ့ အချိန်မှာ သူက ဘရာဇီး ဂန္တဝင် တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ တွဲကစားချင်တယ်လို့ ဖြေခဲ့ပါတယ်။ ဂရင်းဝုဒ်က “ရော်နယ်ဒိုပါ။ ကျွန်တော် ကလေးအရွယ်တုန်းက သူ့ကို ကြည့်နေခဲ့ပါတယ်။ သူ ကျွန်တော့်ကို ဘောလုံး ကစားအောင် အားဖြစ်စေခဲ့ပါတယ်။ ရွန်နီရောပဲ”လို့ ပြောခဲ့ပါတယ်။