မန်ယူအသင်းရဲ့ ဂန္တဝင် နောက်ခံ ကစားသမားဟောင်း ဖြစ်သူ ဖာဒီနန်ကတော့ မန်ယူအသင်းရဲ့ လက်ရှိ လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ မညှာတာတဲ့ တိုက်စစ်မှူး ဖြစ်ပြီး မန်ယူအသင်းအတွက် ဂိုးတွေ မြောက်များစွာ သွင်းယူပေးလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ အသက် (၁၈) နှစ်အရွယ် လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ မန်ယူအသင်းရဲ့ အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီး လက်ရှိရာသီမှာတော့ အသင်းဖော် ရက်ချဖို့ဒ်၊ မာရှယ် တို့နဲ့အတူ မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းကို ပုံဖော် ကစားနေတဲ့ တိုက်စစ်မှူးကောင်း တစ်ယောက် ဖြစ်ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ လက်ရှိရာသီမှာတော့ နည်းပြ ဆိုးလ်ရှားရဲ့ လက်အောက်မှာ ပုံမှန် ပွဲထွက် ရရှိနိုင်ခဲ့ပြီး မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၄၉) ပွဲ ကစားထားရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၁၇) ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ အသက်ငယ်ပေမယ့် နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန် လက်ရွေးစင်အသင်းမှာ ကစားဖို့ ရွေးချယ်ခံရနိုင်ချေ များနေပြီး မန်ယူအသင်းရဲ့ ကစားသမားဟောင်း ဖာဒီနန်ကတော့ ဂရင်းဝုဒ်ဟာ အဆုံးသတ်ကောင်းတဲ့ သူ ဖြစ်ပြီး ဂိုးတွေ များစွာ သွင်းလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ဖာဒီနန်က “ဂရင်းဝုဒ်က မညှာတာတဲ့ တိုက်စစ်မှူး နဲ့ အဆုံးသတ် အလွန် ကောင်းတဲ့ သူပါ။ သူ့ရဲ့ ဗီဒီယိုတွေကို ကြည့်ပြီး ငယ်ငယ်ကတည်းက ကစားလာခဲ့တာကို ကြည့်မယ် ဆိုရင် သူ လက်ရှိအချိန်အထိ ခြားနားသွားတာ တစ်ခုမှ မရှိသေးပါဘူး။ သူက အခြားကွင်းမှာရော ကွင်းကြီးမှာရော အကောင်းဆုံး ကစားနိုင်ပြီး လူတွေကလည်း သူ့ကို ပိုကြည့်လာကြပါတယ်။ သူက သဘာဝ ဂိုးသွင်းနိုင်တဲ့ သူ ဖြစ်ပြီး ဂိုးတွေ မြောက်များစွာ သွင်းပါလိမ့်မယ်။ ယူရို ပြိုင်ပွဲ ကစားဖို့ (၁) နှစ် နောက်ကျသွားတာက ဂရင်းဝုဒ်အတွက် အကျိုးရှိမလား ဆိုရင် ရှိကောင်းရှိနိုင်ပါတယ်။ ကစားသမားရဲ့ အသက်ကိုတော့ ဂရုစိုက်ဖို့ မလိုအပ်ပါဘူး”လို့ ပြောသွားတာ ဖြစ်ပါတယ်။