အသက် (၁၈) နှစ်အရွယ် အကယ်ဒမီထွက် လူငယ် တိုက်စစ်မှူး ဂရင်းဝုဒ်က မန်ယူအသင်းမှာ ကိုယ်ပိုင်အမှတ်အသား မှတ်တီးပြီး ဆုဖလားတွေ ရရှိချင်ပါတယ်လို့ အခိုင်အမာ ပြောပါတယ်။ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ် အောက်တိုဘာလမှာ မန်ယူအသင်းနဲ့ သူ့ရဲ့ ပရော်ဖယ်ရှင်နယ် စာချုပ်ကို ချုပ်ဆိုခဲ့ပြီး လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ပွဲစဉ် (၂၀) ပွဲ ကစားထားပြီးရာမှာ ဂိုးဖန်တီးမှု မရှိပေမဲ့ သွင်းဂိုး (၄) ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ မန်ယူအသင်းကနေ တိုက်စစ်မှူး လူကာကူ နဲ့ ဆန်းချက်စ်တို့ ထွက်သွားပြီးတဲ့နောက်မှာ နည်းပြ ဆိုးလ်ရှားရဲ့ အသုံးတော်ခံ ဖြစ်လာခဲ့ပါတယ်။ ဂရင်းဝုဒ်ဟာ သူ့ရဲ့ အသင်းဖော် ရက်ချ်ဖို့ဒ် ဒဏ်ရာရနေတာကြောင့် လာမယ့် ပွဲစဉ်တွေမှာ ပိုမို ပွဲထွက်ခွင့် ရနိုင်ချေ ရှိလာပြီး သူက တနင်္လာနေ့ည၊ အင်္ဂါနေ့ မနက် (၂း၃၀) အချိန် ချဲလ်ဆီးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်ခင် ဆုဖလားတွေ ရချင်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ဂရင်းဝုဒ်က “ဒါကို တကယ် မရှင်းပြနိုင်ပါဘူး။ ဒါက အံ့အားသင့်စရာပါပဲ။ ကျွန်တော် ဂိုးသွင်းရင် အပြုံးတွေကို မြင်ကြမှာပါ။ ဒါက ကမ္ဘာ့အပြင်ဘက်ရောက်သွားသလိုပါပဲ။ ကျွန်တော် အသင်းမှာ ကိုယ်ပိုင်အမှတ်အသား ဖန်တီးချင်ပါတယ်။ ဂိုးသွင်းနိုင်သလောက် သွင်းချင်ပါတယ်။ ကျွန်တော် မန်ယူအသင်းမှာ ဆုဖလားတွေ ရချင်ပါတယ်။ လူငယ် ကစားသမားတိုင်းက အကယ်ဒမီအသင်းကနေ လာခဲ့ကြတာပါ။ ဒီတော့ တစ်ယောက် ထပ်လာရင် သိပ်ကောင်းမှာပါ”လို့ ပြောခဲ့ပါတယ်။