ယခုနှစ်ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်က တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ အက်စ်တွန်ဗီလာအသင်းအတွက် အကောင်းဆုံးခြေစွမ်းပြ ကစားနေတဲ့ အသင်းခေါင်းဆောင် ဂရီးလစ်ဟာ လာမယ့်ဘောလုံးရာသီမှာ သူ ပြောင်းရွှေ့မယ် လို့ သတင်းတွေထွက်ပေါ်နေတဲ့ မန်ယူအသင်းနဲ့ ပတ်သတ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုကို ပြုလုပ်သွားခဲ့ပါတယ်။ အသက်၂၄နှစ် အရွယ် ဂရီးလစ်ဟာ အက်စ်တွန်ဗီလာအသင်းရဲ့ အကောင်းဆုံးကစားသမား တစ်ဦးဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့်သာ အက်စ်တွန်ဗီလာအသင်းဟာ တန်းဆင်းဇုန်တိုက်ပွဲအတွင်းမှာ ဆက်ရှိနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Bleacher Report.com

ငယ်စဉ်ကတည်းက မန်ယူအသင်းမှာ ကစားဖို့အတွက် အိမ်မက်တွေရှိပါတယ် လို့ ဖွင့်ဟ ဝန်ခံထားတဲ့ ဂရီးလစ်ဟာ လာမယ့်ဘောလုံး ရာသီမှာ မန်ယူအသင်းက ခေါ်ယူမယ့် ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တယ် လို့ မန်ချက်စတာအခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။ ဂရီးလစ်ဟာ လက်ရှိ ဘောလုံးရာသီမှာ အက်စ်တွန်ဗီလာအသင်း အတွက် ၂၅ပွဲပါဝင် ကစားပေးထားချိန်မှာ ၇ဂိုးသွင်းယူထားပြီး ၆ဂိုးဖန်တီးပေးထားသူဖြစ်ကာ သူ့ရဲ့တန်ကြေးကတော့ ပေါင် ၅၀သန်းဝန်းကျင် ရှိတဲ့သူပါ။ ယမန်နေ့ညမှာတော့ ဂရီးလစ်ဟာ မန်ယူအသင်းနဲ့ ပတ်သတ်ပြီး အောင်ပွဲခံမှု တစ်ခုကို ပြုလုပ်ခဲ့ကာ မန်ယူပရိသတ်တွေကို ရင်ခုန်သံတွေ မြန်ဆန်အောင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

Photo Credit: Bleacher Report.com

ဂရီးလစ်ဟာ မနေ့ညမှာ မန်ယူအသင်းက မန်စီးတီးအသင်းကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်ကို သူ့ရဲ့ အိမ်ကနေပြီးတော့ ကြည့်ရှုခဲ့ပြီး ပွဲအပြီးမှာ မန်ယူအသင်းရဲ့ နိုင်ပွဲနဲ့ပတ်သတ်ပြီး အောင်ပွဲခံတဲ့ ပုံတစ်ခုကို သူ့ရဲ့ အင်စတာဂရမ်မှာ တင်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဂရီးလစ်ဟာ ” Super Sunday ” ဆိုတဲ့ စာသားနဲ့အတူ မန်ချက်စတာဒါဘီကို ကြည့်ရှုတဲ့ပွဲအကြောင်း တင်သွားခဲ့တာ ဖြစ်ပြီး ဂရီးလစ်တင်ထားတဲ့ပုံကြောင့် မန်ယူအသင်းကို အားပေးတဲ့ ပရိသတ်တွေက အသင်းနဲ့ ဂရီးလစ်ရဲ့ အပြောင်းအရွှေ့ကို စိတ်ဝင်စားနေပြီဖြစ်ကြောင်း လူမှုကွန်ယက်တွေပေါ်ကနေ ရေးသားခဲ့ကြပြီး ဘောလုံးကျွမ်းကျင်သူတွေက ဂရီးလစ်ဟာ မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ အတော်လေးကို ရာခိုင်နှုန်းများနေတယ်လို့ သုံးသပ်ခဲ့ကြပါတယ်။