ဒီနှစ်ဘောလုံးရာသီမှ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည်တတ်လှမ်းလာခဲ့တဲဲ့ အက်စတွန်ဗီလာအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဂျက်ဂရီးလစ်ဟာ သူရဲ့ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီအတွင်း အကောင်းဆုံးခြေစွမ်းတွေ ပြသထားနိုင်တာကြောင့် မန်ချက်စတာယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် အသင်းကြီးပေါင်းများစွာနဲ့ ရီးရဲလ်မက်ဒရစ် ဘာစီလိုနာတို့လို လာလီဂါအသင်းကြီးတွေက ပစ်မှတ်လာခဲ့တယ်ဆိုပေမယ့် ဂရီးလစ်ကတော့ ပြည်ပကို ထွက်ကစားဖို့ထက် ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Football365

အသက်၂၄နှစ်အရွှယ်ရှိ ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်ဂရီးလစ်ဟာ သူရဲ့အကောင်းဆုံးခြေစွမ်းတွေကြောင့် အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်လာခဲ့သလို အင်္ဂလန်လက်ရွေးစင်အသင်းကနေလည်း လာမယ့်ယူရို-၂၀၂၀ပြိုင်ပွဲကြီးမှာလည်း ရွေးချယ်ခံရဖွယ်ရှိနေပါတယ်။ ဂရီးလစ်ကိုယ်တိုင်ကလည်း လာမယ့်နွေရာသီမှာ ဗီလာကနေ ထွက်ခွာသွားဖို့ အစီအစဉ်ရှိလို့နေပြီး သူ့ကိုအပြိုင်စိတ်ဝင်စားနေကြတဲ့ လာလီဂါအသင်းကြီးတွေထက် သူ့အတွက် ပိုပြီးအံ့ဝင်ခွင်ကျရှိနိုင်တဲ့ ယူနိုက်တက်အသင်းကိုပဲ ပြောင်းရွေ့ချင်နေတယ်လို့ သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Manchester Evening News

ယူနိုက်တက်အသင်းက လာမယ့်နွေရာသီမှာပဲ သူတို့ရဲ့ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာကို အသင်းကနေ ရောင်းချဖို့ အစီအစဉ်ရှိနေတာကြောင့် သူရဲဲ့နေရာအတွက် လက်စတာကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆန်ကို အဓိကပစ်မှတ်ထားနေပေမယ့်လည်း မက်ဒီဆန်က လက်စတာနဲ့ စာချုပ်သက်တမ်းတိုးဖို့ နီးစပ်နေတာကြောင့် ဂရီးလစ်ကိုပဲ ပစ်မှတ်ထားဖွယ်ရှိနေပါတယ်။ ဗီလာအသင်းကတော့ သူတို့ရဲ့ကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း၆၀လောက် အလိုရှိနေပေမယ့်လည်း တကယ်လို့သာ အသင်းက ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေးကို လျော့ယူရဖွယ်ရှိနေသလို ဂရီးလစ်ကိုယ်တိုင်လည်း အသင်းကနေ သေချာပေါက် ထွက်ခွာသွားနိုင်ပါတယ်။ ဂရီးလစ်ကို မန်စီးတီးအသင်းကနေလည်း စိတ်ဝင်စားနေလို့ လာမယ့်နွေစျေးကွက်မှာ မန်ချက်စတာအသင်းနှစ်သင်းရဲ့ အပြိုင်ကမ်းလှမ်းမှုတွေကို မြင်တွေ့လာရနိုင်ပြီး ဘယ်အသင်းကို ရွေးချယ်သွားမလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။