လက်ရှိဘောလုံးရာသီမှာ တန်းပြန်တက်လာတဲ့ အက်စ်တွန်ဗီလာအသင်းရဲ့ အဓိက ကစားသမားလည်းဖြစ် ၊ အသင်းခေါင်းဆောင်လဲ ဖြစ်တဲ့ ဂရီးလစ်ကတော့ လာမယ့်နွေရာသီမှာ မန်ယူအသင်းက သူ့ကိုခေါ်ယူမယ်လို့ သတင်းတွေ ထွက်ပေါ်နေမှုအပေါ် သူ့ရဲ့ခံစားချက်ကို ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ဂရီးလစ်ဟာ မန်ယူအသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေမှုဟာ ကျေနပ်ဖို့ကောင်းတယ် လို့ အင်တာဗျူးတစ်ခုမှာ ဖွင့်ဟပြောဆိုသွားခဲ့တာပါ​။

Photo Credit: Express.com

မန်ယူအသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာမယ် လို့ သတင်းကြီးနေတဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို ရောင်းချသွားဖို့ စီစဉ်နေပြီး ပေါ့ဘာရဲ့ နေရာမှာ တိုက်စစ်အားသန် ကွင်းလယ်လူ တစ်ဦးကို ခေါ်ယူဖို့ မျက်စိကျနေတာပါ။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ မန်ယူအသင်းဟာ ဂရီးလစ်နဲ့ လက်စတာအသင်းရဲ့ မက်ဒီဆင် တို့ နှစ်ဦးထဲက တစ်ဦးကို ခေါ်ယူမယ်လို့ သိထားရပါတယ်။ ဂရီးလစ်ကတော့ အဆိုပါ သတင်းတွေ ထွက်ပေါ်နေမှုအပေါ် အခုလိုပဲ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit: Express.com

မန်ယူအသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေမှုအပေါ် ဂရီးလစ်က ” ဒါပေါ့။ အခုလို သတင်းတွေကို ကြားရတာက အရမ်းကျေနပ်ဖို့ ကောင်းပါတယ်။ ဘယ်သူက အခုလိုသတင်းတွေ ထွက်နေတာကို မကျေနပ်ပဲ နေနိုင်မှာလဲ။ ဒါပေမယ့် အရိုးသားဆုံးပြောရရင် လက်ရှိမှာ အသင်းနဲ့အတူ မြက်ခင်းပြင်ပေါ်မှာ အကောင်းဆုံး ကစားပြနိုင်ဖို့ပဲ စဉ်းစားနေပါတယ် ” လို့ ဖွင့်ဟသွားခဲ့တာပါ။ သတင်းတွေအရတော့ ဂရီးလစ် ဟာ ငယ်စဉ်ကတည်းက မန်ယူအသင်းကို သဘောကျခဲ့သူဖြစ်ကြောင်းနဲ့ မန်ယူအသင်းကလ​ဲ သူ့ကို ခေါ်ယူဖို့ စတင်ကြိုးပမ်းနေကြောင်း သိထားရပါတယ်။ ဂရီးလစ်ရဲ့ ပြောင်းရွှေ့ကြေးကတော့ ပေါင် ၄၅သန်းဝန်းကျင်ရှိနိုင်ပါတယ်။