အက်စတွန် ဗီလာ တိုက်စစ်မှူးဟောင်း အန်တီ ဂရေးက လက်ရှိ အက်စတွန် ဗီလာ ကွင်းလယ် ဂရီလစ်ခ်ျဟာ ကီတာ၊ ဝစ်နယ်လ်ဒမ် နဲ့ ဖိုဒင်တို့ထက် ပိုပြီး ကောင်းတယ်လို့ ပြောသွားပါတယ်။ အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂရီလစ်ခ်ျကတော့ လက်ရှိရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် (၂၀) ကစားပြီးတဲ့ အချိန်မှာ ဂိုးဖန်တီးမှု (၅) ကြိမ် နဲ့ သွင်းဂိုး (၆) ဂိုးအထိ သွင်းယူထားပါတယ်။

Photo Credit: Goal

လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ ကီတာဟာ ပွဲစဉ် (၅) ပွဲ ကစားပြီးရာမှာ ဂိုးဖန်တီးမှု (၁) ကြိမ် နဲ့ သွင်းဂိုး (၁) ဂိုး၊ ဝစ်နယ်လ်ဒမ်က ပွဲစဉ် (၂၀) ကစားပြီးရာမှာ ဂိုးဖန်တီးမှု မရှိထားဘဲ သွင်းဂိုး (၂) ဂိုး နဲ့ ဖိုဒင်က ပွဲစဉ် (၁၂) ပွဲ ကစားပြီးရာမှာ သွင်းဂိုး မရှိ နဲ့ ဂိုးဖန်တီးမှု (၁) ကြိမ်သာ ပြုလုပ်ခဲ့တာကြောင့် ဂရေးက ဂရစ်ခ်ျကို သူတို့ (၃) ဦးထက် ပိုကောင်းတယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal


Photo Credit: Goal

ကွင်းလယ်လူ ဂရီလစ်ခ်ျဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အသင်းကြီး (၆) သင်းအထဲက မန်ယူအသင်း နဲ့ မန်စီးတီးအသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ရရှိနေတယ်လို့ သတင်း ထွက်လာပါတယ်။ ကွင်းလယ်လူ ဂရီလစ်ခ်ျဟာ အက်စတွန်ဗီလာအသင်း အတွက် ခြေစွမ်းပြလျက် ရှိပေမဲ့လည်း လက်ရှိ ဇန်နဝါရီလ အပြောင်းအရွေ့မှာ အသင်းကနေ ထွက်သွားဖို့ နည်းပါးနေပြီ ဖြစ်ပါတယ်။

{Unicode}

အက်စတွန် ဗီလာ တိုက်စစ်မှူးဟောင်း အန်တီ ဂရေးက လက်ရှိ အက်စတွန် ဗီလာ ကွင်းလယ် ဂရီလစ်ချ်ဟာ ကီတာ၊ ဝစ်နယ်လ်ဒမ် နဲ့ ဖိုဒင်တို့ထက် ပိုပြီး ကောင်းတယ်လို့ ပြောသွားပါတယ်။ အက်စတွန်ဗီလာအသင်းခေါင်းဆောင် ဂရီလစ်ချ်ကတော့ လက်ရှိရာသီမှာ ပရီးမီးယားလိဂ်ပွဲစဉ် (၂၀) ကစားပြီးတဲ့ အချိန်မှာ ဂိုးဖန်တီးမှု (၅) ကြိမ် နဲ့ သွင်းဂိုး (၆) ဂိုးအထိ သွင်းယူထားပါတယ်။

Photo Credit: Goal

လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ ကီတာဟာ ပွဲစဉ် (၅) ပွဲ ကစားပြီးရာမှာ ဂိုးဖန်တီးမှု (၁) ကြိမ် နဲ့ သွင်းဂိုး (၁) ဂိုး၊ ဝစ်နယ်လ်ဒမ်က ပွဲစဉ် (၂၀) ကစားပြီးရာမှာ ဂိုးဖန်တီးမှု မရှိထားဘဲ သွင်းဂိုး (၂) ဂိုး နဲ့ ဖိုဒင်က ပွဲစဉ် (၁၂) ပွဲ ကစားပြီးရာမှာ သွင်းဂိုး မရှိ နဲ့ ဂိုးဖန်တီးမှု (၁) ကြိမ်သာ ပြုလုပ်ခဲ့တာကြောင့် ဂရေးက ဂရစ်ချ်ကို သူတို့ (၃) ဦးထက် ပိုကောင်းတယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

အန်ဒီ ဂရေးက “ကျွန်တော့်ရဲ့ အမြင်မှာ သူက လီဗာပူးလ် ကွင်းလယ် ကစားသမားတိုင်းထက် ပို ကောင်းတယ်။ သူက ကီတာထက် ပိုကောင်းတယ်လို့ ထင်တယ်။ သူ ဝစ်နယ်လ်ဒမ်ထက် ပို ကောင်းတယ်လို့ ထင်ပါတယ်။ သူ မန်စီးတီးအသင်းမှာ အံ့ဝင်ဂွင်ကျ ဖြစ်မယ်လို့ ထင်ပါတယ်။ သူ ဖိုဒင်ထက် အများကြီး ပိုကောင်းတယ်။ သူက အဲလောက် ကောင်းတာပါ”လို့ ပြောပါတယ်။

Photo Credit: Goal

ကွင်းလယ်လူ ဂရီလစ်ချ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အသင်းကြီး (၆) သင်းအထဲက မန်ယူအသင်း နဲ့ မန်စီးတီးအသင်းတို့ရဲ့ စိတ်ဝင်စားမှုကို ရရှိနေတယ်လို့ သတင်း ထွက်လာပါတယ်။ ကွင်းလယ်လူ ဂရီလစ်ချ်ဟာ အက်စတွန်ဗီလာအသင်း အတွက် ခြေစွမ်းပြလျက် ရှိပေမဲ့လည်း လက်ရှိ ဇန်နဝါရီလ အပြောင်းအရွေ့မှာ အသင်းကနေ ထွက်သွားဖို့ နည်းပါးနေပြီ ဖြစ်ပါတယ်။