MySport Myanmar

အာဆင်နယ်နဲ့ပဲလေ့စ်ပွဲကို လာရောက် ကြည့်ရှုရင်း ပဲလေ့စ် နည်းပြသစ် ဖြစ်လာဖို့ သတင်းမွှေးနေတဲ့ ပေါ်တာ

ချယ်လ်ဆီးနည်းပြဟောင်း ဂရေဟမ် ပေါ်တာဟာ မနေ့က အာဆင်နယ်အသင်း နဲ့ ခရစ္စတယ် ပဲလေ့စ်အသင်းတို့ ကစားသွားခဲ့တဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်ကို လာရောက် ကြည့်ရှုရင်း ပဲလေ့စ်နည်းပြသစ် ဖြစ်လာဖို့ပါ သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ရပါတယ်။

ဘရိုက်တန် နဲ့ ချယ်လ်ဆ်ီးနည်းပြဟောင်း ပေါ်တာဟာ ချယ်လ်ဆီးအသင်းကနေ ထုတ်ပယ်ခံလိုက်ရကတည်းက နည်းပြအလုပ်အကိုင်နဲ့ အဆက်အသွယ် ပြတ်သွားခဲ့ရပြီး လက်ရှိအချိန်ထိ အသင်းသစ် မရရှိသေးပဲ အသင်းလက်မဲ့သာ ဖြစ်နေရပါတယ်။

Photo Credit : Daily Mail

ဒါပေမယ့် သူ့ကိုတော့ အသင်းတော်တော်များများက စိတ်ဝင်စားနေကြသလို မန်ချက်စတာ ယူနိုက်တက်ရဲ့ (၂၅)% ရှယ်ယာရှင် ဆာဂျင်ရက်ကလစ်ဖ်ကလည်း အဲရစ် တန်ဟက်ဂ်နဲ့ လက်တွဲဖြုတ်ဖြစ်မယ်ဆိုရင် တန်ဟက်ဂ်နေရာမှာ ပေါ်တာနဲ့ အစားထိုးသွားချင်နေပါတယ်။

ဒါပေမယ့် လက်ရှိ အခြေအနေတွေအရတော့ ပဲလေ့စ်အသင်းက ဆာဂျင်ရက်ကလစ်ဖ်ထက် လက်ဦးမှု ရယူသွားဖို့ အခြေအနေကောင်းလို့နေပြီး ပေါ်တာကိုယ်တိုင်ပါ အာဆင်နယ် နဲ့ ပဲလေ့စ်ပွဲကို တက်ရောက် ကြည့်ရှုသွားခဲ့ပါသေးတယ်။

Photo Credit : talkSPORT

ပဲလေ့စ်အသင်းဟာ ဒီနောက်ပိုင်းမှာ ရလဒ်တွေက အတော်လေးကို ဆိုးရွှားလွန်းနေရပြီး နောက်ဆုံး ကစားသွားခဲ့တဲ့ ပြိုင်ပွဲစုံ (၁၀)ပွဲမှာ (၁)ပွဲလေးပဲ အနိုင်ရထားတဲ့အထိ အခြေအနေ ဆိုးလွန်းနေတာကြောင့် နည်းပြကြီး ရွိုင်းဟော့ဆန်ဒ်ရဲ့ အနာဂတ်ပါ အတော်လေး ဝေဝါးလာခဲ့ပါတယ်။

အခုလည်း ပေါ်တာကိုယ်တိုင် လာရောက် ကြည့်ရှုခဲ့တဲ့ ပွဲစဉ်မှာပဲ ဟော့ဆန်ဒ်ရဲ့ ပဲလေ့စ်အသင်းက အာဆင်နယ်ကို အပြတ်အသတ် ရှုံးနိမ့်ခဲ့ရတာကြောင့် ဟော့ဆန်ဒ်အနေနဲ့ မကြာခင်မှာပဲ သူ့နည်းပြရာထူးကို ပေါ်တာဆီ လွှဲပြောင်းပေးရဖို့တောင် ရှိလာနိုင်ပါတယ်။

 

Exit mobile version