ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက ချယ်လ်ဆီးကို သူကိုင်တွယ်နေစဉ် ကာလအတွင်း ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပေမယ့် နောက်ဆုံးကစားထားခဲ့တဲ့ ပွဲစဉ်နှစ်ပွဲအတွင်း အသင်းရဲ့ တိုက်စစ်စွမ်းဆောင်ရည်အပေါ်မှာတော့ စိုးရိမ်မှုတွေ ရှိနေခဲ့တယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Chelsea are unbeaten in the eight games they have played since Graham Potter took over

Photo Credit : Daily Mail

ဘရိုက်တန်နည်းပြဟောင်း ဂရေဟမ်ပေါ်တာဟာ ချယ်လ်ဆီးနည်းပြအဖြစ် စတင် ဆောင်ရွက်ခဲ့တဲ့အချိန်ကနေ စတင်ပြီး အသင်းကို ပြိုင်ပွဲစုံ (၈)ပွဲဆက်တိုက်အထိ ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပေမယ့်လည်း နောက်ဆုံးကစားထားခဲ့တဲ့ ဘရန်ဖို့ဒ် မန်ချက်စတာယူနိုက်တက်အသင်းတွေနဲ့ ပွဲစဉ်တွေမှာတော့ သရေတစ်မှတ်စီသာ ရယူထားနိုင်ခဲ့သလို (၂)ပွဲအတွင်းမှာလည်း သွင်းဂိုး(၁)ဂိုးတည်းသာ သွင်းယူနိုင်ခဲ့ပါတယ်။ အဲ့ဒီပွဲ(၂)လုံးက ချယ်လ်ဆီးနည်းပြပေါ်တာ သူ့အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ပြင်ဆင်သွားရမယ့် တိုက်စစ်ချို့ယွင်းချက်တွေကို မီးမောင်းထိုးပြသွားခဲ့ပါတယ်။

They were held to a 1-1 draw against Manchester United at Stamford Bridge on Saturday

Photo Credit : Daily Mail

ယူနိုက်တက်နဲ့ ကစားခဲ့ရတဲ့ ပွဲစဉ်အတွင်း သူ့အသင်းရဲ့ တိုက်စစ်စွမ်းရည်နဲ့ ပတ်သတ်ပြီး နည်းပြပေါ်တာက “ကစားသမားတွေက အရာအားလုံးကို ပေးဆပ် ကစားသွားခဲ့ပေမယ့် ကျွန်တော်တို့ရဲ့ တိုက်စစ်ကစားပုံက ဒီထက်မက အများကြီး တိုးတတ်နိုင်တယ်ဆိုတာကို ခင်ဗျားတို့ မြင်နိုင်ပါတယ်။ ကျွန်တော်တို့ ဒီပွဲမှာ တိုက်စစ်ဆင်ခဲ့တာထက် လာမယ့်ပွဲတွေမှာ နည်းနည်းလောက် ပိုကောင်းလာနိုင်တယ်လို့ ကျွန်တော်ထင်တယ်။ အခွင့်အရေးတွေလည်း ပိုမို ဖန်တီးရမယ်။ ဒါပေမယ့် နှစ်သင်းလုံးအတွက်ကတော့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့တယ်။ ပထမပိုင်း မိနစ်(၃၀)အကြာမှာ အသင်းဘက်က တုံ့ပြန်ကစားဟန်ကိုတော့ ကျွန်တော် တကယ် သဘောကျမိပါတယ်။ လက်ခံသင့်တဲ့ သရေတစ်မှတ်လို့ ကျွန်တော် ထင်မိပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်ကလည်း သူ့အသင်းရဲ့ တ်ိုက်စစ်ပိုင်း အဆုံးအသတ် အားနည်းခဲ့မှုအပေါ် အားမလိုအားမရ ဖြစ်ခဲ့ရပြီး ဒီလိုပွဲမျိုးတွေမှာ သေချာပေါက် ဂိုးရနိုင်မယ့် အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချဖို့ လိုအပ်တယ်လို့ ပွဲအပြီး အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါသေးတယ်။