မနေ့ညက အယ်တီဟတ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ အက်အေဖလား တတိယအဆင့်ပွဲစဉ်အတွင်းမှာ ချယ်လ်ဆီးဘက်က ဝါရင့် တိုက်စစ်ကစားသမားကြီး အူဘာမီယန်း လုံးဝ မပါဝင်လာရတဲ့ အကြောင်းအရင်းကို ချယ်လ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာက ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Fans had questioned whether Aubameyang's dismal performance on Thursday (pictured during the game above) was the reason why he was excluded from Potter's team on Sunday

Photo Credit : Daily Mail

ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတို့ဟာ အခုတစ်ပတ်အတွင်းမှာပဲ ပရီးမီးယားလိဂ်နဲ့ အက်အေဖလားပွဲစဉ်တွေအတွင်း နှစ်ကြိမ်တိုင်တိုင် ထိပ်တိုက် တွေ့ဆုံခဲ့ရပြီး စတမ်းဖို့ဒ်ဘရစ်ချ်မှာ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အူဘာမီယန်းက ချယ်လ်ဆီးရဲ့ အရန်ကစားသမားစာရင်းမှာ ပါဝင်လာခဲ့ရင်း ပွဲကစားချိန် (၅)မိနစ်မှာပဲ ဒဏ်ရာရရှိသွားတဲ့ စတာလင်နေရာ လူစားဝင် ကစားခွင့်ရခဲ့ပေမယ့် ပွဲပြီးဆုံးချိန်ထိ ကစားရခြင်း မရှိပဲ (၆၈)မိနစ်မှာပဲ ပြန်လည် လူစားလဲခံခဲ့ရပါတယ်။ အခု အယ်တီဟတ်မှာ အက်အေဖလားပွဲစဉ်အဖြစ် ရင်ဆိုင်ရချိန်မှာတော့ အူဘာက ချယ်လ်ဆီးရဲ့ ပွဲထွက်လူစာရင်းမှာရော အရန်စာရင်းမှာပါ လုံးဝ ပါဝင်လာရခြင်း မရှိတာကြောင့် ဒီအကြောင်းအရင်းတွေနဲ့ ပတ်သတ်ပြီး ပေါ်တာက ပြန်လည် ဖြေရှင်းသွားခဲ့ပါတယ်။

Therefore, Potter decided to replace him with Omari Hutchinson in the second half

Photo Credit : Daily Mail

ပေါ်တာရဲ့ ပြောဆိုချက်တွေအရတော့ ဂါဘွန်လက်ရွေးစင် တိုက်စစ်ကစားသမား အူဘာမီယန်းဟာ ကျောဒဏ်ရာ ခံစားနေရတဲ့အတွက် စီးတီးနဲ့ အက်အေဖလားပွဲစဉ်ကို လွဲချော်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ ချယ်လ်ဆီးအသင်းမှာလည်း ဒဏ်ရာရ ကစားသမား အရေအတွက်က အတော်လေးကို များပြားလို့နေရပြီး မန်စီးတီးကို မာရက်ဇ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း စတာလင်နဲ့ ပူလီဆစ်တို့ ဒဏ်ရာ အသီးသီး ရရှိသွားခဲ့ပါတယ်။ အခုလည်း ချယ်လ်ဆီးအသင်းဟာ အူဘာမီယန်းကိုပါ သူ့ကျောဒဏ်ရာကြောင့် ထည့်သွင်း အသုံးပြုနိုင်ခြင်း မရှိတာကြောင့် အခု ဆောင်းဈေးကွက်ထဲ မိုလ်ဒီကနေ ခေါ်ယူထားတဲ့ အိုင်ဗရီကို့စ် တိုက်စစ်မှူးလေး ဒေးဗစ်ဒက်ထရိုဖိုဖားနားကိုပါ စတင် သုံးစွဲခဲ့ရပါတယ်။ ဒါပေမဲ့လည်း ချယ်လ်ဆီးဟာ မန်စီးတီးကို (၄)ဂိုးပြတ်နဲ့ပင် အပြတ်အသတ် ရှုံးနိမ့်ခဲ့ရတာကြောင့် အက်အေဖလားကနေ စောစောစီးစီး ထွက်ခွာသွားခဲ့ရပြီး အဲ့ဒီပွဲစဉ်အတွင်းမှာလည်း ချယ်လ်ဆီးပရိသတ်တွေက အရင်နည်းပြဟောင်း သောမတ်စ်တူဟယ်လ်နဲ့ ပိုင်ရှင်ဟောင်း ရိုမန်အေဘရာမိုဗစ်တို့ရဲ့ နာမည်တွေကို အော်ဟစ်ခဲ့ပြီး အသင်းဆီ ပြန်လာပေးဖို့ သံပြိုင် တောင်းဆိုသွားခဲ့ကြပါတယ်။