ဘရိုက်တန် နည်းပြ ဂရာဟမ် ပေါ့တာ၊ ဘရိုက်တန်အသင်း အကြီးတန် အမှုဆောင်ချုပ် ပေါလ် ဘာဘာ နဲ့ ဘရိုက်တန် နည်းစနစ် ဒါရိုက်တာ ဒန် အက်ရှ်ဝေါ့တို့ဟာ လာမယ့် (၃) လကြာအထိ လစာ အဖြတ်ခံသွားမှာ ဖြစ်ပြီး နောက် (၃) လကို လစာမဲ့ တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။ သူတို့ (၃) ဦးဟာ လာမယ့် လတွေ ဖြစ်တဲ့ ဧပြီလ၊ မေလ နဲ့ ဇွန်လတွေမှာ လစာတွေ မယူဘဲ အသင်းအတွက် ဆက်လက် တာဝန် ထမ်းဆောင်ကြမှာ ဖြစ်ပြီး ကိုရိုနာ ဗိုင်းရပ် ရောဂါ ဖြစ်တဲ့ အချိန်မှာ အသင်းရဲ့ ဝန်ထမ်းတွေကို လစာပေးနိုင်ဖို့ လစာ အဖြတ်ခံသွားကြမှာ ဖြစ်ပါတယ်။

Photo Credit: Dailymail

ဘရိုက်တန်အသင်းရဲ့ အကြီးတန်း အမှုဆောင်ချုပ် ဖြစ်သူ ပေါလ် ဘာဘာက အသင်း နည်းပြ နဲ့ အတူ လစာ အဖြတ်ခံရတာဟာ မသေချာမရေရာတဲ့ အခြေအနေမှာ အသင်းဝန်ထမ်းတွေကို လစာ မဖြတ်ချင်တာကြောင့် ဖြစ်တယ်လို့ အခိုင်အမာ အသိပေး ပြောကြားသွားလိုက်ပါတယ်။ အကြီးတန် အမှုဆောင်ချုပ် ဘာဘာက “အခုလို လုပ်ရတာက ကျွန်တော်တို့ စီးပွားရေးအတွက် အခုလို မသေချာတဲ့ အချိန်ကာလမှာ အသင်းရဲ့ ဘယ်ဝန်ထမ်းကိုမှ လစာ မလျှော့ချချင်ကြတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ (၃) လကြာ လစာ အဖြတ်သွားကြပါမယ်”လို့ ပြောသွားပါတယ်။

Photo Credit: Dailymail

ဘရိုက်တန်အသင်းဟာ ပြီးခဲ့တဲ့ အပတ်က အသင်းရဲ့ ကစားသမားတွေထဲမှာ ကိုရိုနာ ဗိုင်းရပ် ဖြစ်ပွားနေပြီ ဖြစ်တယ်လို့ အတည်ပြုခဲ့ပေမဲ့လည်း ဘယ်ကစားသမားလဲ ဆိုတာ မဖော်ပြခဲ့ဘဲ အခုတော့ မမည်မဖော် ကစားသမားအနေနဲ့ ပြန်လည် သက်သာလာပြီလို့ ဖော်ပြသွားပါတယ်။ ဘရိုက်တန် နည်းပြ ပေါ့တာလိုပဲ ဘုန်းမောက် နည်းပြ ဟိုဝီဟာလည်း လစာ အဖြတ်ခံခဲ့တာ ဖြစ်ပြီး တကယ်တော့ ဘုန်းမောက် နည်းပြ ဟိုဝီဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြာင့် လစာ အဖြတ်ခံခဲ့တဲ့ ပထမဆုံး ပရီးမီးယားလိဂ် နည်းပြ ဖြစ်ပြီး တစ်နှစ်စာ လစာကို အဖြတ်ခံခဲ့ပါတယ်။ ဘုန်းမောက် နည်းပြ ဟိုဝီဟာ တစ်နှစ်စာ လစာ ပေါင် (၄) သန်းကို အဖြတ်ခံခဲ့ပြီး အဲဗာတန်အသင်းရဲ့ အဓိက ပုဂ္ဂိုလ် (၃) ဦးကလည်း (၃) လစာ, လစာကို အဖြတ်ခံခဲ့ကြတာ ဖြစ်ပါတယ်။