လီဗာပူးလ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဆောင်းနက်စ်က သူသာ မန်စီးတီးအသင်းရဲ့ နည်းပြ ပက် ဂွါဒီယိုလာ ဖြစ်မယ်ဆိုရင် လီဗာပူးလ်အသင်းရဲ့ ရှုံးပွဲမရှိ စံချိန်ကို ရပ်တန့်ဖို့ ဦးစား ပေးသွားမယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ ဆောင်းနက်စ်ဟာ (၁၉၈၀) ခုနှစ် ဝန်းကျင်ခန့်မှာ လီဗာပူးလ်အသင်းအတွက် ကစားခဲ့ပြီး သူဟာ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ် ကစားသမား နဲ့ လီဗာပူးလ်အသင်းရဲ့ အသင်းခေါင်းဆောင် အဖြစ် လီဗာပူးလ်အသင်းအတွက် ကစားခဲ့ပါတယ်။

Photo Credit: EveningNews

ဆောင်းနက်စ်ဟာ လက်ရှိမှာတော့ အသက် (၆၆) နှစ် အရွယ် ရှိသွားပြီ ဖြစ်ပြီး သူသာ မန်စီးတီး အသင်းရဲ့ နည်းပြ ဂွါဒီယိုလာ ဖြစ်မယ် ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖို့ နဲ့ လီဗာပူးလ်အသင်းရဲ့ ရှုံးပွဲမရှိစံချိန်ကို ရပ်တန့်ဖို့ ဦးစားပေးမယ်လို့ ပြောခဲ့ပါတယ်။ နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီး အသင်းဟာ လာမယ့် ဧပြီလ (၄) ရက်နေ့မှာ လီဗာပူးလ်အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး လီဗာပူးလ် ကစားသမားဟောင်း ဆောင်းနက်စ် ဖြစ်စေချင်သလို မန်စီးတီး အနိုင်ရမလား ကြည့်ရဦးမှာပါပဲ။

Photo Credit: EveningNews

ဆောင်းနက်စ်က “တကယ်လို့ ကျွန်တော်ကသာ မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာ ဒါမှမဟုတ် သူ့ရဲ့ ကစားသမား တစ်ဦး ဖြစ်မယ် ဆိုရင် ကျွန်တော့်ရဲ့ အဓိက ဦးစားပေးတွေက ချန်ပီယံလိဂ် ဆုဖလား ရရှိဖို့၊ နောက်နှစ် ချန်ပီယံလိဂ် ဝင်နိုင်ဖို့အတွက် အဆင့် (၄) ဒါမှမဟုတ် အဲဒီအထက်နဲ့ ရာသီကုန်ဖို့၊ ဧပြီလ (၄) ရက်နေ့ကျရင် အိမ်ကွင်းမှာ လီဗာပူးလ်အသင်းကို အနိုင်ရဖို့ နဲ့ သူတို့ရဲ့ ပရီးမီးယားလိဂ် ရှုံးပွဲ မရှိ စံချိန်ကို ရပ်တန်ဖို့ ဖြစ်မှာပါ”လို့ အခိုင်အမာ ပြောသွားတာ ဖြစ်ပါတယ်။