အင်္ဂလန် အစိုးရကတော့ အင်္ဂလန် ပြည်တွင်းလိဂ် ပရီးမီးယားလိဂ် ပြိုင်ပွဲကို လာမယ့် ဇွန်လမှာ ပြန်လည် စတင်ဖို့ မီးစိမ်းပြလိုက်ပြီ ဖြစ်တာကြောင့် ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ရပ်နားရတဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲကို မကြာခင် တစ်ကျော့ပြန် ပြန်လည် စတင်နိုင်ချေ ရှိနေပြီ ဖြစ်ပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ပြီးခဲ့တဲ့ မတ်လမှာ စတင် ရပ်နားခဲ့ရပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲကို ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ရပ်နားခဲ့ရတဲ့ အချိန်မှာ လီဗာပူးလ်အသင်းက အမှတ်ပေး ထိပ်ဆုံးကနေ ရမှတ် (၂၅) မှတ် ဦးဆောင်ထားခဲ့ပါတယ်။

Photo Credit: ECHO

အင်္ဂလန် ဝန်ကြီးချုပ် ဘိုရစ် ဂျွန်ဆင် (Boris Johnson) ဟာ တနင်္ဂနွေနေနေ့ညမှာ အင်္ဂလန် နိုင်ငံသားတွေကို စကားပြောပြီး နောက်တစ်နေ့ တနင်္လာနေ့ (ယနေ့) မှာ စာမျက်နှာ (၅၁) မျက်နှာ ပါတဲ့ စာစောင်ကို လမ်းညွန်အဖြစ် အင်္ဂလန်နိုင်ငံက ပြည်သူတွေအတွက် ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်သွားခဲ့တဲ စာစောင်မှာ အင်္ဂလန် ပြည်တွင်းလိဂ် ဘောလုံး ပြိုင်ပွဲနဲ့ ပက်သက်တဲ့ စာပါဝင်ခဲ့ပြီး “ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ အခမ်းအနား နဲ့ ဘောလုံး ပြိုင်ပွဲတွေကို ထုတ်လွင့်ပြသနိုင်ဖို့ ခွင့်ပြုသွားမှာ ဖြစ်ပြီး ပရိသတ်တွေ မပါဘဲ ကျင်းပသွားရမယ်”လို့ ထုတ်ပြန်သွားလိုက်ပါတယ်။

Photo Credit: ECHO

အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲကို ရှေ့လာမယ့် ဇွန်လ မတိုင်ခင်အထိ ကျင်းပခွင့် မရှိပါဘူးလို့ ထုတ်ပြန်သွားခဲ့တာကြောင့် အခြား တစ်ဖက်က ပြန်ကြည့်မယ် ဆိုရင် လာမယ့် ဇွန်လက စပြီး အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲကို ကွင်းပိတ် ကစားနိုင်တယ်လို့ မီးစိမ်းပြသလို ဖြစ်နေပါတယ်။ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အသင်း (၂၀) ဟာ ပရီးမီးယားလိဂ် ပြန်စဖို့ အစည်းအဝေး ပြုလုပ်နေကြဆဲ ဖြစ်ပြီး လာမယ့် တနင်္လာနေ့မှာလည်း အစည်းအဝေး ထပ်မံ ပြုလုပ်သွားရမှာ ဖြစ်တာကြောင့် အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲ ပြန်လည် စတင်ဖို့ ပို နီးစပ်လာပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အဖွဲ့အစည်းဟာ ပြီးခဲ့တဲ့ လက ပရီးမီးယားလိဂ် ပြိုင်ပွဲကို အင်္ဂလန် နိုင်ငံက ပြန်မစဘဲ ကြားနေကွင်း (အခြားနိုင်ငံကွင်းတွေမှာ) ပြန်စတင်ဖို့ ပြောခဲ့ဖူးတာ ဖြစ်ပါတယ်။