မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး ပေါလ်စခိုးက အသင်းအနေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၄)ပွဲဆက်တိုက်အထိ ဂိုးတွေ သွင်းယူနိုင်ခြင်း မရှိတဲ့အပေါ် သူရဲ့ ထင်မြင်ချက်တွေကို သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

မနေ့ညက လန်ဒန်မြို့မှာ ကစားသွားခဲ့ရတဲ့ ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှာလည်း ယူနိုက်တက်အသင်းဟာ ပထမပိုင်း ပွဲကစားချိန်အတွင်း အခွင့်အရေးတွေ အမြောက်အများ ရရှိခဲ့ပေမယ့်လည်း ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိခဲ့တာကြောင့် ဒုတိယပိုင်းမှာ ဂိုးတွေ ခွင့်ပြုခဲ့ရရင်း ရှုံးပွဲပါ တွေ့သွားခဲ့ရပါတယ်။

Photo Credit : centredevils

အခုဆိုရင် ယူနိုက်တက်ဟာ ဘုန်းမောက် (0-3) နဲ့ ရှုံးနိမ့်တဲ့ပွဲ ၊ ဘိုင်ယန်မြူးနစ်ကို (0-1) နဲ့ ရှုံးနိမ့်တဲ့ပွဲ ၊ လီဗာပူးလ်ကို အဝေးကွင်းမှာ (0-0) နဲ့ သရေကျတဲ့ပွဲ ၊ အခု ဝက်စ်ဟမ်းကို (2-0) နဲ့ အရေးနိမ့်ရတဲ့ ပွဲတွေမှာ အသင်းက ဂိုးပေါက်ပျောက်ဆုံးထားရပါတယ်။

ဒီရာသီမှာ အသင်းတိုက်စစ်အတွက် အားကိုးတကြီးနဲ့ ခေါ်ယူထားတဲ့ ဟွိုင်လန်းက အခုထိ ပရီးမီးယားလိဂ် သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ဘာမှ မလုပ်ဆောင်နိုင်သေးသလို ဝက်စ်ဟမ်းနဲ့ပွဲမှာဆိုရင်လည်း အန်တိုနီ နဲ့ ဂါနာချိုတို့က ဟွိုင်လန်းအတွက် ပေးပို့မှုကို (၁)ကြိမ်သာ လုပ်ဆောင်နိုင်ခဲ့တဲ့အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရပါတယ်။

Photo Credit : centredevils

ဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်းကြီး စခိုးက “ဂိုးတွေ သွင်းယူဖို့က အသင်းအတွက် ပြသာနာကြီး တစ်ရပ်လို့ ဖြစ်နေရတယ်။ (၄)ပွဲ ကစားပြီးချိန်မှာ တစ်ဂိုးမှလည်း မသွင်း ၊ ဘာမှလည်း ဖန်တီးမှုတွေ မရှိဘူးဆိုတော့ တိုက်စစ်ကစားသမားတွေ အနေနဲ့ ပိုပြီး ကြိုးစားဖို့တော့ လိုအပ်နေပြီ။”

“ယုံကြည်မှုတွေ ရှိလာအောင်နဲ့ ပြိုင်ဘက်အသင်းကို ခြိမ်းခြောက်နိုင်အောင် လုပ်ဆောင်သွားရပါတော့မယ်။” လို့ သုံးသပ်သွားခဲ့ပါတယ်။ အခု ပရီးမီးယားလိဂ် ပွဲစဉ် (၁၈)အပြီးမှာ ယူနိုက်တက်အသင်းအတွက် ရပ်ရှ်ဖို့ဒ်က (၂)ဂိုး ဂါနာချိုက (၁)ဂိုး မာရှယ်က (၁)ဂိုးနဲ့ ဟွိုင်လန်း အန်တိုနီ နဲ့ ပယ်လစ်ထရီတို့ကတော့ အခုထိကို ဂိုးပေါက်ပျောက်ဆုံးနေပါတယ်။