ဘောလုံးသတင်းတွေနဲ့ ပတ်သတ်ရင် စိတ်ချ ယုံကြည်ရတဲ့ ဘောလုံး Page တစ်ခုဖြစ်တဲ့ Goal.com ဟာ ဥရောပဘောလုံးပြိုင်ပွဲတွေ နားထားတဲ့ အချိန်မှာ ဘောလုံးပရိသတ်တွေ သိချင်နေကြတဲ့ အကြောင်းအရာတစ်ခုကို တင်ပြပေးသွားခဲ့ပါတယ်။ အဲ့ဒါကတော့ ယခု ဘောလုံးရာသီမှာ အကောင်းဆုံး ခြေစွမ်းတွေကို ပြသထားနိုင်ခဲ့တဲ့ အသက်၂၀အောက် ကစားသမားသုံးဦးကို ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီ ကစားသမားတွေက ဘယ်သူလဲဆိုတာ ဖတ်ရှုကြရအောင်ဗျာ….။

၃။ မေဆင်ဂရင်းဝုဒ်(မန်ယူ)

Goal.com ရဲ့ ဖော်ပြချက်အရ ယခုနှစ် ဘောလုံးရာသီ ဥရောပရဲ့ တတိယမြောက် အကောင်းဆုံး လူငယ် ကစားသမားကတော့ မန်ယူအသင်းနဲ့အတူ တောက်ပလာတဲ့ မေဆန်ဂရင်းဝုဒ်ပဲ ဖြစ်ပါတယ်။ ဂရင်းဝုဒ်ဟာ ယခုနှစ်ဘောလုံး ရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၅ဂိုးအထိ သွင်းယူထားနိုင်သူဖြစ်ပြီး အာဆင်နယ်အသင်းနဲ့ မန်ယူအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ ဗန်ပါစီနဲ့ ကစားပုံဆင်တူသူ အဖြစ် မန်ယူပရိသတ်တွေရဲ့ သတ်မှတ်ခြင်းကို ခံထားရတဲ့သူပါ။

Photo Credit: Metro.com

၂။ အန်ဆုဖာတီ (ဘာစီလိုနာ)

အသက်၁၇နှစ်အရွယ်သာ ရှိသေးတဲ့ အန်ဆု ဖာတီကတော့ ဘာစီလိုနာအသင်းရဲ့ နာမည်ကြီး လာမာစီယာအကယ်ဒမီကနေ ထွက်ပေါ်လာသူ တစ်ဦးဖြစ်ပြီး မက်ဆီလက်သစ်လို့ နာမည်ကြီးနေတဲ့သူပါ။ အသက်၁၇နှစ်အရွယ်သာ ရှိသေးပေမယ့် ဖာတီဟာ သူ့ရဲ့တည်ငြိမ်တဲ့ ခြေစွမ်းတွေကြောင့် ယခုနှစ်ဘောလုံးရာသီမှာ လာလီဂါပွဲစဉ် ၁၆ပွဲအထိ ပါဝင်ကစားခွင့် ရထားသူ ဖြစ်ကာ ၄ဂိုးသွင်းယူထားပြီး ၁ဂိုးဖန်တီးပေးထားနိုင်သူ ဖြစ်ပါတယ်။

Photo Credit: Metro.com

၁။ ရိုဒရီဂို(ရီးရဲလ်မက်ဒရစ်)

အသက်၁၉နှစ်အရွယ် ရိုဒရီဂိုဟာ ဆန်းတို့စ် အသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းထံကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဟက်ထရစ် သွင်းယူနိုင်မှုအပြင် အခြား ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ပြသထားနိုင်တာကြောင့် Goal.comရဲ့ အသက်၂၀အောက် ဥရောပရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ် ခံခဲ့ရပါတယ်။ ရိုဒရီဂိုဟာ လျင်မြန်မှုနဲ့ ဘောလုံးစွမ်းရည်ပိုင်းမှာ အတော်လေး ကောင်းမွန်တဲ့သူဖြစ်ပြီး ဗီနီးစီးယပ်စ်နဲ့အတူ ရီးရဲလ်မက်ဒရစ်ရဲ့ အနာဂတ် ဖြစ်လာမယ့်သူအဖြစ် ရှုမြင်ခြင်းခံထားရသူပါ။

Photo Credit: Metro.com