ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်အသင်းရဲ့ နာမည်ကြီး နောက်ခံလူဟောင်း တစ်ဦး ဖြစ်တဲ့ ဂလင်းဂျွန်ဆင် ကတော့ ယနေ့ည ၁၁နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမယ့် ပွဲကြီးပွဲကောင်း တစ်ပွဲ ဖြစ်တဲ့ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူး တီမိုဝါနာဟာ မန်ယူအသင်းရဲ့ ခံစစ်ကြောင်းကို ဒုက္ခ ပေးနိုင်မယ် လို့ ယုံကြည်ကြောင်း သူ့ရဲ့ ထင်မြင်ချက်ကို ပြောပြ သွားခဲ့ပါတယ်။ အထူးသဖြင့် တီမိုဝါနာဟာ လျင်မြန်မှုအပိုင်းမှာ အားနည်းတဲ့ မန်ယူအသင်းရဲ့ အဓိက နောက်ခံလူ မက်ဂွိုင်းယားအတွက် အိမ်မက်ဆိုး ဖြစ်လာနိုင်ပြီး ယခုတစ်လောမှာ ဝေဖန်မှုတွေနဲ့ ရင်ဆိုင် နေရတဲ့ မက်ဂွိုင်းယားဟာ တီမိုဝါနာကို ခက်ခက်ခဲခဲ ထိန်းချုပ်ရနိုင်ကြောင်း ဂလင်းဂျွန်ဆင် က ဘောလုံးရေးရာ သုံးသပ်မှု အစီအစဉ်တစ်ခုမှာ ပြောကြား သွားပါတယ်။

Photo Credit: Express

 

မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ လက်ရှိ ဘောလုံးရာသီမှာ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းတဲ့ အသင်းတွေ ဖြစ်ကြပြီး နောက်ဆုံး ကစားထားတဲ့ ပွဲစဉ်တွေမှာတော့ မန်ယူအသင်းဟာ ချယ်လ်ဆီးအသင်းထက် ပိုကောင်းတဲ့ ရလဒ်တွေကို ရယူ ထားနိုင်ပါတယ်။ ဒါ့ကြောင့် မန်ယူအသင်းရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားရမယ့် အဆိုပါပွဲစဉ်မှာ မန်ယူအသင်းဟာ ချယ်လ်ဆီးအသင်းကို အသာစီး ရသွားနိုင်ဖွယ် ရှိကြောင်း အခြား ဘောလုံးသုတေသီတွေက သုံးသပ်ခဲ့ကြပေမယ့် ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ကစားသမား ဖြစ်သူ ဂလင်းဂျွန်ဆင် ကတော့ တီမိုဝါနာရဲ့ သူဟာ တီမိုဝါနာရဲ့ ခြေစွမ်းကို သဘောကျကြောင်းနဲ့ မက်ဂွိုင်းယားဟာ ဝါနာကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲမှာ ဖြစ်ကြောင်း ပြောပြ သွားပါတယ်။

Photo Credit: Express

တီမိုဝါနာနဲ့ မက်ဂွိုင်းယားတို့ ထိပ်တိုက် တွေ့ဆုံပါက ဖြစ်လာမယ့် အခြေအနေတွေကို ဂလင်းဂျွန်ဆင်က ” တကယ်လို့ ကျွန်တော်သာ တီမိုဝါနာ ဖြစ်နေမယ် ဆိုရင် “သူ့ကို ပေးကစားလိုက်ပါ” ဆိုပြီး မက်ဂွိုင်းယားအတွက် တောင်းဆို နေမှာပါ။ ဘာ့ကြောင့်လဲ ဆိုတော့ တီမိုဝါနာဟာ မက်ဂွိုင်းယားအတွက် အိမ်မက်ဆိုး တစ်ခု ဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ထားလို့ပါ။ ဒါပေမယ့် ဆိုးလ်ရှားက အသင်းခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ ဟယ်ရီ(မက်ဂွိုင်းယား)ကို ဒီလိုပွဲမျိုးမှာ ချန်ထားဖို့ဟာ ခက်ခဲမှာ သေချာပါတယ်။ နစ်ဖက်မှာလည်း နောက်ဆုံးပွဲစဉ်က ခြေစွမ်းအရသာ ဆိုရင် သူသာ ပွဲထွက်လူစာရင်းမှာ မပါလာရင် တွမ်ဇီဘီက ” ဘာလို့ ငါက မကစားရတာလဲ ” ဆိုပြီး တွေးကောင်း တွေးမိမှာ သေချာပါတယ် ” ဆိုပြီး ပြောကြား သွားခဲ့တာပါ။