အင်္ဂလန်လက်ရွေးစင် ဘောလုံးကစားသမား‌ဟောင်း တစ်ဦး ဖြစ်တဲ့ ဂလင်းဂျွန်ဆန်ကတော့ ချယ်လဲဆီး ကစားသမား ရစ်စီဂျိန်းဟာ လီပါဗူး ကစားသမား အာနိုးလ်ထက် ပိုကောင်းတဲ့ ကစားသမား တစ်ဦးဖြစ်ပြီးတော့ အင်္ဂလန်အသင်း ညာနောက်ခံလူနေရာ အတွက် ဦးစားပေး ရွေးချယ်သင့်တဲ့ သူကလည်း ရစ်စီဂျိန်း ပဲ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။ အသက် ၂၂ အရွယ်သာ ရှိသေးတဲ့ အလက်ဇန်းဒါး အာနိုးလ်ဟာ လီပါဗူးအသင်းရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီးတော့ သူ့ရဲ့ စွမ်းဆောင်ရည်တွေကြောင့် ကမ္ဘာ့အကောင်းဆုံး ညာနောက်ခံလူ အဖြစ် သတ်မှတ်ခြင်းခံထားရသူလည်း ဖြစ်ပါတယ်။

Photo Credit: Standard

တစ်ချိန်တည်းမှာပဲ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ ရစ်စီဂျိန်းစ်ဟာ နည်းပြ လမ်းပတ်ရဲ့ လက်အောက် ချယ်လ်ဆီးအသင်းမှာ ‌ခြေစွမ်းကောင်းပြသနေခဲ့တာကြောင့် ပြီးခဲ့တဲ့လမှာ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် ဟာ ရစ်စီဂျိန်းကို အင်္ဂလန်အသင်းမှာ ကစားပေးဖို့ ခေါ်ယူခဲ့ပါတယ်။ လီပါဗူး ကစားသမားဟောင်း ဂျွန်ဆန် ကတော့ ချယ်လ်ဆီး ကစားသမား ရစ်စီဂျိန်းက အာနိုးလ်ထက် ပိုလျှင်မြန်ပြီး ပိုကြုံ့ခိုင် တယ်လို့ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ်။ အင်္ဂလန်ရဲ့ ညာနောက်ခံလူနေရာအတွက် အကောင်းဆုံးက ဘယ်သူလဲဆိုပြီး ဂျွန်ဆန် ကို မေးလိုက်တဲ့အခါမှာ “ အာနိုးလ်နဲ့ ရစ်စီဂျိန်း တို့ နှစ်ယောက်က လုံးဝကို မတူညီကြတဲ့ ကစားသမား နှစ်ဦးပါ။ အဲ့ဒါက ခင်ဗျား ယှဉ်ပြိုင်ကစားနေတဲ့ ပြိုင်ဘက် အသင်းပေါ်မှာ မူတည်ပါတယ်။

Photo Credit: Standard

“ ဒါပေမယ့် ရစ်စီဂျိန်းက ပိုကောင်းတဲ့ ခံစစ်ကစားသမားလို့ ကျွန်တော် မြင်ပါတယ်။ သူက ပိုလျှင်မြန်ပြီးတော့ ပိုကြံ့ခိုင်တယ် လို့ ကျွန်တော် ထင်ပါတယ်။ အာနိုးလ်က ဘောလုံးကိုင်ကစားတာမှာ ပိုကောင်းတယ်။ သူက တကယ်တော်တဲ့ ဘောလုံးသမား တစ်ယောက်ပါပဲ။ သူ့အသက်အရွယ်နဲ့ မလိုက်အောင် ထူးချွန်တဲ့ ကစားသမားတစ်ဦးပါ။ ဒါပေမယ့် နိုင်ငံတကာ ဘောလုံးပွဲတွေမှာဆိုရင် ခင်ဗျား အနေနဲ့ ဘောလုံးကိုင်ကစားခွင့် ပိုမိုရရှိပါလိမ့်မယ်။ ဒါကြောင့်မို့ အာနိုးလ်က နံပါတ်တစ် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ရစ်စီဂျိန်းကတော့ ပိုသင့်တော်တဲ့ ညာနောက်ခံလူ ဖြစ်ပါလိမ့်မယ်။ ” လို့ ဂျွန်ဆင်က သူ့ရဲ့ အမြင်ကို ပြောပြခဲ့ပါတယ်။ နည်းပြ ဆောက်ဂိတ်ရဲ့ အသင်းဟာ လာမယ့် ကြာသပတေးနေ့ ဝင်ဘာလေ ကွင်းမှာ အိုင်ယာလန် အသင်းနဲ့ ချစ်ကြည်ရေးပွဲစဉ် ကစားသွားဖို့ရှိပါတယ်။ ထို့နောက် လာမယ့် တနင်္ဂနွေနေ့မှာတော့ နိုင်ငံတကာ ပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံ နဲ့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပြီးတော့ နိုဝင်ဘာလ ၁၈ ရက်မှာတော့ အိုက်စ်လန် အသင်းနဲ့ ကစားသွားမှာ ဖြစ်ပါတယ်။