MySport Myanmar

လီဗာပူးလ်ဘက်ကို နောက်ထပ် (၂)ဂိုး ထပ်သွင်းနိုင်ပါတယ်လို့ ဆိုလိုက်တဲ့ ဂလပ်စ်နာ

ခရစ္စတယ် ပဲလေ့စ်နည်းပြ အိုလီဗာ ဂလပ်စ်နာက လီဗာပူးလ်အသင်းနဲ့ နည်းပြအာနေး စလော့ရဲ့ ရှင်းလင်းတဲ့ ကစားကွက်ဖွဲ့စည်းပုံဟာ သူတို့ရဲ့ကစားပုံကို ခွဲခြမ်းစိတ်ဖြာရတာ ပိုမိုလွယ်ကူစေကြောင်း ပြောကြားလိုက်ပြီး ဒီညကစားမယ့် ပွဲစဉ်အတွက် အကောင်းမြင်နေပါတယ်။ ဒါပေမဲ့ အနိုင်ရလဒ် ရရှိဖို့အတွက်တော့ သူ့အသင်းက အရမ်း အရမ်းကို ကောင်းမွန်တဲ့ အဆင့်တစ်ခုမှာ ရှိနေဖို့ လိုအပ်ကြောင်းလည်း ဝန်ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက ဝင်ဘလေကွင်းမှာ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မှာ ခရစ္စတယ် ပဲလေ့စ်အသင်းဟာ လီဗာပူးလ်နဲ့ ၂-၂ ဂိုး သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒီရလဒ်ကို ပြန်လည်ရည်ညွှန်းပြီး ဂလပ်စ်နာက ပွဲအကြိုမှာ အခုလိုပြောကြားခဲ့ပါတယ်။

Photo Credit : The New York Times

“ကျွန်တော်က အမြဲတမ်း အကောင်းမြင်တတ်သူပါ။ ကျွန်တော်တို့ (၂)ဂိုး သွင်းနိုင်တယ်လို့ အမြဲတမ်းထင်တယ်” လို့ သူက ဆိုပါတယ်။ “ဒါပေမဲ့ ဆန်းဒါးလန်းနဲ့ပွဲမှာ ကျွန်တော်တို့ အဲ့ဒီလို မလုပ်နိုင်ခဲ့ဘူး။ မီဝေါလ်နဲ့ပွဲမှာလည်း မလုပ်နိုင်ခဲ့ဘူး။ အခွင့်အရေးတွေတော့ ရခဲ့ပါတယ်။”

“ကျွန်တော် ဒီကစားသမားအစုအဖွဲ့ကို ယုံကြည်တယ်။ ကျွန်တော်တို့ ကစားနေတဲ့ပုံစံကို ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အခွင့်အရေးတွေ ဖန်တီးနိုင်တယ်ဆိုတာ အကြိမ်ပေါင်းများစွာ သက်သေပြခဲ့ပြီးပြီ။ အဲ့ဒီနောက်မှာသာ ကျွန်တော်တို့ ဂိုးသွင်းစွမ်းရည်ကောင်းခဲ့မယ်ဆိုရင် ဟုတ်ကဲ့၊ လီဗာပူးလ်ဘက်ကို နောက်ထပ် (၂)ဂိုး ထပ်သွင်းနိုင်ပါတယ်။” လို့ ဆိုလိုက်ပါတယ်။

Photo Credit : Football365

ဂလပ်စ်နာက သူ့ရဲ့ပြိုင်ဘက်နည်းပြစလော့ကိုလည်း ချီးကျူးခဲ့ပြီး သူ့ရဲ့ရှင်းလင်းပြတ်သားတဲ့ နည်းစနစ်တွေကြောင့် ပြင်ဆင်ရလွယ်ကူတယ်လို့ ဆိုပါတယ်။ “ကျွန်တော်ကြိုက်တဲ့အချက်ကတော့ အာနေး စလော့က ရှင်းလင်းတဲ့ ဖွဲ့စည်းပုံရှိတဲ့ နည်းပြကောင်းတစ်ယောက်ဖြစ်နေတာပါပဲ။ ဒါကြောင့် သူတို့ ဘယ်လိုကစားမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိမြင်နေရတဲ့အခါ ခွဲခြမ်းစိတ်ဖြာရတာ ပိုလွယ်ကူသွားစေတယ်။”

“ဒါကြောင့် သူတို့ ဘယ်လိုတိုက်စစ်ဆင်မလဲ ဘယ်လိုခံစစ်ကစားမလဲ အလွတ်တည်ကန်ဘောတွေမှာ ဘာလုပ်မလဲဆိုတာကို ကျွန်တော်တို့အသင်းကို သေသေချာချာ ပြင်ဆင်ထားနိုင်ခဲ့ပါတယ်။ အဲ့ဒါတွေအားလုံးက အထောက်အကူဖြစ်စေတယ်လို့ ကျွန်တော်ထင်တယ်။” လို့ ဂလပ်စ်နာက သုံးသပ်သွားခဲ့ပါတယ်။

Exit mobile version