မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ မနေ့ည၊ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝုဗ်လ်အသင်းနဲ့ သရေကျပြီးတဲ့နောက် ကစားသမားတွေကို ပေးနားပြီးပြီ ဆိုရင် ဂိုးတွေ စသွင်းပါလိမ့်မယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ အက်ဖ်အေဖလား ပွဲစဉ် နဲ့ ကာရာဘောင် ဖလားပွဲစဉ်တွေကို အဝေးကွင်းမှာ အနိုင်ရခဲ့ပေမဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို အိမ်ကွင်းမှာ အနိုင်မရနိုင်ခဲ့ဘဲ ဂိုးမရှိ သရေကျခဲ့တဲ့ အတွက်ကြောင့် ရမှတ် တစ်မှတ်စီ မျှမျှတတ ခွဲဝေသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

မန်ယူ နည်းပြ ဆိုးလ်ရှားဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ စပို့တင်းအသင်းကနေ ခေါ်ယူခဲ့တဲ့ ကွင်းလယ်လူ ဖာနန်ဒက်စ်ကို ပွဲဦးထုတ်ခဲ့ပြီး ဖာနန်ဒက်စ်ဟာ ပွဲဦးထွက် ပွဲစဉ် ဖြစ်နေပေမဲ့ အကောင်းဆုံး ကစားခဲ့တယ်လို့ ပြောနိုင်ပါတယ်။ မန်ယူ နည်းပြ ဆိုးလ်ရှားကတော့ ပွဲအပြီးမှာ ယူနိုက်တက် ကစားသမားတွေ ဂိုးမသွင်းနိုင်တာက အနားယူဖို့ လိုအပ်တာကြောင့် ဖြစ်တယ်လို့ ပြောခဲ့ပြီး အနားပေးတယ် ဆိုရင် ဂိုးတွေ စသွင်းပါလိမ့်မယ်လို့ အခိုင်အမာ ပြောသွားခဲ့ပါတယ်။

Photo Credit: Goal

Sky Sports မှာ နည်းပြ ဆိုးလ်ရှားက “ကျွန်တော်တို့က ပြီးခဲ့တဲ့ လတွေမှာ ပွဲစဉ်တွေ အများကြီး ကစားခဲ့ရပါတယ်။ ကစားသမားတွေက အလွန် ပင်ပန်းနေပါပြီ။ အားတွေလည်း ကုန်နေကြပါပြီ။ သူတို့ကို အနားပေးဖို့ လိုပါတယ်။ ဒီနေ့က အားတွေ ကုန်နေလို့ ဂိုးတွေ မသွင်းနိုင်ခဲ့ကြတာပါပဲ။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ အားအင်တွေ အနည်းငယ် ကုန်နေခဲ့ပါပြီ။ ကျွန်တော်တို့ကို အနားပေးပါ။ ပြီးရင် ကျွန်တော်တို့ ဂိုးတွေ စသွင်းပေးပါမယ်”လို့ ပြောသွားခဲ့တာပဲ ဖြစ်ပါတယ်။