မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီအစမှာ လူကာကူ ဆန်းချက်ဇ်တို့ကို လက်လွတ်ခဲ့ပြီးနောက် တိုက်စစ်ကို ပြန်လည်အားဖြည့်ခဲ့ခြင်းမရှိပဲ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရာ အခုဆိုရင် ဘောလုံးရာသီဝက်ကိုတောင် ရောက်ရှိနေပြီဖြစ်ပြီး လက်ရှိမှာကလည်း အသင်းရဲဲ့ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ မားကပ်ရပ်ဖိုဒ့်က ဒဏ်ရာကြောင့် ၆ပတ်ခန့်လောက်အထိ အနားယူရတော့မှာဖြစ်လို့ အခုဆောင်းစျေးကွက် မပိတ်ခင် ယူနိုက်တက်တို့ တိုက်စစ်ကွက်လပ်အတွက် ဘယ်ကစားသမားတွေကို အားဖြည့်နိုင်မလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။
Photo Credit : Getty Images
ဂျရှး
ဒီနှစ်ဘောလုံးရာသီအကုန်မှာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဂျရှးကိုတော့ လက်ရှိမှာ အသင်းများစွာကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်အနေနဲဲ့ကလည်း အသင်းရဲဲ့တိုက်စစ်ကို ရေတိုအစားထိုးဖို့ ဂျရှးကို စဉ်းစားသင့်ပါတယ်။ ဂျရှးက ယူနိုက်တက်ကစားဟန်နဲ့လည်း လိုက်ဖက်တဲ့သူဖြစ်လို့ ကာလတိုအငှားနဲ့ ကမ်းလှမ်းသင့်ပေမယ့်လည်း လမ်းပတ်ကတော့ သူရဲ့အနီးဆုံးပြိုင်ဘက်ဆီ လက်လွတ်ဖို့ဆိုတာတော့ မလွယ်ပါဘူး။
Photo Credit : Getty Images
လူကာဂျိုဗစ်
ဂျိုဗစ်ကတော့ ရီးရဲလ်ကို ဖရန့်ဖတ်ကနေ ရောက်ရှိလာပြီးကတည်းက ခြေစွမ်းပြဖို့ ရုန်းကန်နေရသလို ပွဲထွက်ခွင့်တွေလည်း နည်းပါးနေသူလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဖရန့်ဖတ်မှာတော့ ဂျိုဗစ်ဟာ အတော်လေးကို ခြေစွမ်းပြခဲ့တယ်ဆိုတာကို လူတိုင်းသိကြမှာပါ။ ဂျိုဗစ်ကိုလည်း ယူနိုက်တက်အသင်းကနေ ကာလတိုအငှားနဲဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။
Photo Credit : Getty Images
ကာဗာနီ
ဂျရှးလိုပဲ ရာသီအကုန်မှာ အသင်းနဲဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် ကစားသမားထဲမှာ ကာဗာနီလည်း ပါဝင်ပါတယ်။ ကာဗာနီက လက်ရှိမှာ ခြေစွမ်းကောင်းတွေလည်း ထိန်းသိမ်းထားနိုင်သလို သူရဲ့အတွေ့အကြုံကလည်း များစွာရှိနေတာဖြစ်လို့ ယူနိုက်တက်အတွက် အကောင်းဆုံးခေါ်ယူမှု ဖြစ်လာနိုင်သလို မိုဗစ်လိုပဲ ယူနိုက်တက်မှာ အောင်မြင်နိုင်ခြေရှိပါတယ်။
Photo Credit : Getty Images
အယ်ကာဆာ
ဒီစျေးကွက်အတွင်းမှာ ယူနိုက်တက်က ဟာ့တ်လန်းကို မခေါ်ယူနိုင်ခဲ့ပေမယ့်လည်း ဟာ့တ်လန်းရောက်ရှိလာလို့ ဒေါ့မွန်မှာ နေရာပျောက်ဖွယ်ရှိနိုင်တဲ့ စပိန်တိုက်စစ်ကစားသမား အယ်ကာဆာကို ပြောင်းလဲပစ်မှတ်ထားသင့်ပါတယ်။ အယ်ကာဆာက ဒီရာသီမှာ ဒေါ့မွန်အတွက် သိပ်ခြေစွမ်းမပြနိုင်လို့ ပွဲထွက်ခွင့်တွေ နည်းပါးနေရပြီး သူ့ကိုလည်း ကာလတိုအငှားကမ်းလှမ်းမှုနဲ့ ခေါ်ယူနိုင်ဖွယ်ရှိပါတယ်။
(Zawgyi)
ဒီဈေးကွက်မှာ ယူနိုက်တက်ရဲ့ တိုက်စစ်ကွက်လပ်ကို ဝင်ရောက်လာနိုင်ဖွယ်ရှိနေသူများ
မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီအစမှာ လူကာကူ ဆန်းချက်ဇ်တို့ကို လက်လွတ်ခဲ့ပြီးနောက် တိုက်စစ်ကို ပြန်လည်အားဖြည့်ခဲ့ခြင်းမရှိပဲ ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းခဲ့ရာ အခုဆိုရင် ဘောလုံးရာသီဝက်ကိုတောင် ရောက်ရှိနေပြီဖြစ်ပြီး လက်ရှိမှာကလည်း အသင်းရဲ့ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ မားကပ်ရပ်ဖိုဒ့်က ဒဏ်ရာကြောင့် ၆ပတ်ခန့်လောက်အထိ အနားယူရတော့မှာဖြစ်လို့ အခုဆောင်းဈေးကွက် မပိတ်ခင် ယူနိုက်တက်တို့ တိုက်စစ်ကွက်လပ်အတွက် ဘယ်ကစားသမားတွေကို အားဖြည့်နိုင်မလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။
ဂျရှး
လူကာဂျိုဗစ်
ကာဗာနီ
အယ်ကာဆာ