MySport Myanmar

ဒဏ်ရာပြသာနာတွေနဲ့ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲအတွက် ခေါင်းခဲရတော့မယ့် ပြင်သစ်

ဒီနေ့ ဒီဇင်ဘာ(၁၈)ရက်နေ့မှာပဲ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးရဲ့ ဗိုလ်လုပွဲစဉ်ကြီးကို ကျင်းပသွားတော့မှာပဲ ဖြစ်ပါတယ်။ ဗိုလ်လုပွဲကို ပြီးခဲ့တဲ့ ၂၀၁၈ရုရှားကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ထားခဲ့တဲ့ ပြင်သစ်အသင်းနဲ့ ၁၉၈၆ကမ္ဘာ့ဖလားနောက်ပိုင်းကတည်းက အောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေရတဲ့ အာဂျင်တီးနားအသင်းတို့ ထိပ်တိုက် တွေ့ဆုံနေကြပြီး ဘယ်အသင်းက ၂၀၂၂ကမ္ဘာ့ဖလားကြီးကို သိမ်းပိုက်သွားနိုင်မလဲဆိုတာ အလွန် စိတ်ဝင်စားဖို့ကောင်းနေရပါတယ်။

Photo Credit : Daily Mail

ဒီလို လက်ရွေးစင်အသင်းတိုင်းအတွက် အလွန် အရေးကြီးနေချိန်မှာ ပြင်သစ်အသင်းဘက်က ဒဏ်ရာပြသာနာပေါင်းစုံနဲ့ ရင်ဆိုင် ကြုံတွေ့နေရပြီး ဖိုင်နယ်ပွဲအတွက် ခေါင်းခဲနေရပါတယ်။ ပြီးခဲ့တဲ့ မော်ရိုကိုအသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲမှာ ကွင်းလယ်လူ ရာဘီယော့ နောက်ခံလူ အူပယ်မီကာနိုတို့ နှစ်ဦးလုံး အဖျားဝေဒနာ ခံစားနေရလို့ အဲ့ဒီပွဲစဉ်ကို လွဲချော်ထားခဲ့ရသလို အခုလည်း ဒီအဖျားဗိုင်းရပ်စ်က နောက်ထပ် အသင်းဖော်တွေဖြစ်တဲ့ ဗာရန်း ကိုနာတေးနဲ့ ကိုးမန်းတို့ကိုပါ ဆက်လက် ကူးစက်နေလျက် ရှိတာကြောင့် ဒီကစားသမားတွေရဲ့ အခြေအနေကို စောင့်ကြည့်သွားရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Yokad

ဒီလို အသင်းသားတွေ အဖျားဝေဒနာ ကူးစက်နေချိန်မှာ နောက်ထပ် အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သူ တိုက်စစ်မှူး အိုလီဗီယာဂျရူးပါ ဒူးဒဏ်ရာ ခံစားနေရတာကြောင့် ဖိုင်နယ်ပွဲကို ပါဝင်ကစားဖို့ပါ မရေမရာ ဖြစ်လာခဲ့ရပါတယ်။ ဝါရင့် ကစားသမားကြီး ဂျရူးဟာ အခုပြိုင်ပွဲအတွင်းမှာ ပြင်သစ်အသင်းအတွက် (၄)ဂိုးအထိတောင် သွင်းယူထားနိုင်တဲ့ အားထားရဆုံး ကစားသမား ဖြစ်တာကြောင့် သူသာ မပါဝင်နိုင်ခဲ့ရင် အသင်းအတွက် ထိုးနှက်ချက် ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ပြင်သစ်အသင်းဟာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲကြီး မစတင်ခင်ကတည်း ဘန်ဇီမာ ကန်တေ ပေါ့ဘာ ကင်ဘမ်ပီ အန်ကွန်ကူတို့လို တကယ့် ထိပ်သီးကစားသမားတွေကို လက်လွတ်ထားခဲ့ရသလို ပြိုင်ပွဲစချိန်မှာလည်း လူးကပ်စ်ဟာနန်ဒက်ဇ် ဒဏ်ရာရသွားခဲ့လို့ ထပ်ပြီး လက်လွတ်ခဲ့ရပေမယ့် အသင်းမှာ quality players တွေ ပေါများနေတာကြောင့် လက်ကျန် ကစားသမားတွေနဲ့ ဖိုင်နယ်အထိ တတ်လှမ်းနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အဖျားဝေဒနာ ခံစားနေရတဲ့ ကစားသမားတွေအနေနဲ့ ဖိုင်နယ်ပွဲအမီ ပြန်လည် သက်သာလာဖို့ ရှိနိုင်တာက ပြင်သစ်အတွက် အားတတ်စရာ ဖြစ်နိုင်ပေမယ့် ဂျရူးကတော့ ဒီပွဲကို လွဲချော်ရနိုင်ဖွယ် ရှိနေတဲ့အတွက် ဂျရူးနေရာမှာ မားကပ်စ်သူရမ်နဲ့ ပွဲထွက်လာနိုင်ဖို့ ရှိနေပါတယ်။

Exit mobile version